တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာလည်း သုံးဖို့ရှိပါတယ်။

     နောက်နှစ်ပတ်လောက် အကြာမှာ တရားဝင်မိတ်ဆက်သွားမယ့် Galaxly S10 ဖုန်းသစ်တွေက Samsung အတွက် game changer ဖြစ်မလား။


         Galaxy S10 နဲ့ပတ်သက်ပြီး နောက်ဆုံးရ သတင်းတွေမှာတော့ ဒီဖုန်းတွေဟာ ထူးထူးခြားခြား wireless earbuds ကို သုံးသွားမှာ သေချာသလောက်ရှိတယ်လို့ဖော်ပြနေပါပြီ။။ ကြိုးမဲ့ အားသွင်းနိုင်မယ့် earbuds သစ်တွေကို Galaxy Buds လို့နာမည်ပေးထားပြီး ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့အချက်အလက်တော်တော်များများပါ ကြားနေရပါတယ်။


Photo: digit

         Galaxy Buds ဟာ Apple ရဲ့ wireless AirPods တွေကို ယှဉ်ပြိုင်ဖို့ထုတ်လိုက်တဲ့ ထုတ်ကုန်ဖြစ်ပြီး ကြိုးမဲ့အားသွင်းစနစ်ပါလာမယ်လို့သတင်းပြေးနေပါတယ်။ Win Future မှာ ပေါက်ကြားလာတဲ့ သတင်းအရ ဒီနားကြပ်တွေရဲ့ ဈေးကလည်း AirPods အတိုင်း ၁၄၉ ယူရိုဖြစ်လို့မြန်မာငွေ ၂ သိန်းခွဲကျော်ဖို့ရှိတယ်လို့ဆိုပါတယ်။

         Galaxy Buds နဲ့တွဲသုံးနိုင်မယ့် Samsung Galaxy S10 မော်ဒယ်တွေဟာ ပုံမှန် in-display လက်ဗွေစနစ်တွေထက် လော့ခ်ဖွင့်ရတာ ပိုမြန်တဲ့ in-display လက်ဗွေနည်းပညာသစ်ကို သုံးသွားဖို့ရှိပါတယ်။ တစ်ခုရှိတာက မှန်ပြင်တစ်ခုလုံးအောက်မှာ လက်ဗွေကို ဝှက်ထားတာ မဟုတ်ဘဲ သီးသန့်in-display လက်ဗွေဖတ်မယ့် နေရာတစ်ခုမှာပဲ အလုပ်လုပ်နိုင်မယ့် လက်ဗွေစနစ် ဖြစ်ဖို့ရှိပါတယ်။

         ကင်မရာပိုင်းမှာ ထူးခြားမှုတွေကို Samsung ဟာ Galaxy S10 series တွေမှာ သုံးပြသွားမယ်လို့ယူဆရပါတယ်။ ဆယ်လ်ဖီကင်မရာစနစ်မှာဆို OIS ရုပ်ငြိမ်စနစ် ၊ Dual Pixel AutoFocus နဲ့4K video တွေ ရိုက်ကူးနိုင်တဲ့ 10MP ဆယ်လ်ဖီကင်မရာကို သုံးသွားမယ်လို့သတင်းထွက်နေပါတယ်။ Galaxy S10+ ကတော့ dual selfie ကင်မရာသုံးမယ့်ဖုန်းဖြစ်လို့အရန်ကင်မရာအနေနဲ့depth sensing ဖမ်းမယ့် ကင်မရာတစ်လုံး ပါလာမှာပါ။

Photo: theandroidsoul

         ဘက်ထရီစနစ်အနေနဲ့Galaxy S10+ ဟာ 4100 mAh ဘက်ထရီနဲ့Huawei Mate 20 Pro လိုမျိုး တစ်ခြားဖုန်းတွေကို အားသွင်းပေးနိုင်တဲ့ Reverse Wireless Charging နည်းပညာ ပံ့ပိုးမှု ပါလာဖို့ရှိနေပါတယ်။ ဒါကပဲ Samsung အနေနဲ့ ပရီမီယံဖုန်းမော်ဒယ်တွေကို Game Changer အနေနဲ့ပွဲထုတ်ဖို့ကြိုးပမ်းချက်လို့ပြောရမှာပါ။

         Samsung ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Galaxy S10 / S10 Plus အပြင် Galaxy Buds နားကြပ် ၊ Galaxy Sport စမတ်နာရီ ၊ ခေါက်သိမ်းနိုင်တဲ့ Galaxy F စမတ်ဖုန်းတွေကို ပွဲထုတ်သွားမယ်လို့သတင်းထွက်နေပါတယ်။ ဆန်ဖရန်စစ္စကိုမှာ Samsung ကတော့ စိတ်လှုပ်ရှားစရာတွေကို မိတ်ဆက်ပြသဖို့အသင့်ဖြစ်နေပြီလို့ပြောရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က