အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိသွားမှာပါ

64MP main ကင်မရာပါဝင်တဲ့ အလတ်တန်းစား 5G ဖုန်းသစ်တစ်လုံးကို အိန္ဒိယဈေးကွက်ထဲ Samsung က မိတ်ဆက်သွားပါတယ်။

           Galaxy F42 5G ဟာ တလောက တောင်ကိုရီးယားဈေးကွက်မှာ ဖြန့်ချိသွားတဲ့ Galaxy Wide 5 နဲ့ ဆင်ပြီး Global ဈေးကွက်မှာ ကြေညာသွားတဲ့ Galaxy A22 နဲ့လည်း အတော်ကြီး တူညီမှုရှိပါတယ်။ Galaxy A22 နဲ့ ယှဉ်ရင် Galaxy F42 ဟာ main camera ပိုကောင်းလာပြီး မတူတဲ့ကာလာသစ် သုံးလာင်သလို ကင်မရာဒီဇိုင်းလည်း နည်းနည်း ပြောင်းထားတာတွေ့ရပါတယ်။




Photo: GSMArena


           display အရွယ်အစား ၆.၆ လက်မ LCD display သုံးထားပြီး အရင်နှစ်နှစ်လောက်က ခေတ်စားခဲ့တဲ့ waterdrop notch နဲ့လာပါတယ်။ FHD+ ရုပ်ထွက်ပါရှိပြီး 90Hz refresh rate ပံ့ပိုးပေးထားလို့ ဖုန်း screen သုံးရ သွက်လက်နေပါလိမ့်မယ်။ Galaxy F42 5G ဟာ မတူတဲ့ 5G Bands ၁၂ ခုအထိ ချိတ်ဆက်နိုင်အောင် ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။ Galaxy F series ထဲမှာတော့ ဒီဖုန်းဟာ ပထမဆုံး 5G မော်ဒယ်အဖြစ် ထွက်လာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

           Galaxy F42 5G ဟာ octa-core MediaTek Dimensity 700 Chipset နဲ့လာပြီး storage 128GB ကို RAM 6/8GB ဆိုပြီး ဗားရှင်းတွေ ထွက်ထားပါတယ်။ storage ထပ်တိုးချင်သူတွေအတွက်လည်း 1TB အထိ ထပ်တိုးနိုင်မယ့် microSD slot စိုက်နိုင်အောင် ထည့်ပေးထားပါတယ်။ waterdrop notch ထဲမှာ 8MP selfie ကင်မရာ တပ်ဆင်ထားပါတယ်။

Photo : zeenews


           ကျောဘက်မှာတော့ စတုရန်းကင်မရာကွက်ထဲမှာ 64MP main sensor ၊ 5MP ultrawide နဲ့ 2MP depth sensing camera တို့ သုံးထားပါတယ်။ ကင်မရာ modes အနေနဲ့ Hyperlapse ၊ Pro Mode နဲ့ Night Mode စတဲ့ features တွေလည်း ထည့်သွင်းထားပါတယ်။ Galaxy F42 5G ဟာ အကြီးစား 5000 mAh ဘက်ထရီနဲ့လာတဲ့အပြင် အသံပိုင်းမှာ Dolby Atmos support ပေးလာပါတယ်။

           Matte Aqua နဲ့ Matte Black ကာလာသစ်နှစ်မျိုးနဲ့ လာပြီး RAM 6GB မော်ဒယ်ကို ၂၀၉၉၉ ရူပီး (မြန်မာငွေ ၅ သိန်းခွဲနီးပါး) နဲ့ RAM 8GB မော်ဒယ်အတွက် ၂၂၉၉၉ ရူပီး (မြန်မာငွေ ၆ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမှာပါ။ အောက်တိုဘာ ၂ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး အစောဆုံးဝယ်ယူသူ‌အဖို့ ရူပီး ၃၀၀၀ (မြန်မာငွေ ၇ သောင်းခွဲကျော်) ဒစ်စကောင့် ပေးသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က