2023 နှစ်လယ်ပိုင်း ဇူလိုင်မှာ ဖုန်းပြိုင်ပွဲ ပိုအားကောင်းတယ်လို့ အသစ် အသစ်သော မော်ဒယ်တွေ သူသူငါငါ ထုတ်ကြွားကျမှာကို ကြည့်ရင်း သဘောကျမိပါတယ်။
ကိုယ်တိုင် မထုတ် ၊ မလုပ်တတ်ပေမယ့် “ယှဥ်ပြိုင်ချင်းသာ အဓိက” ကို တွေးမိရင်း အခုတခါ အားကျမခံ မိတ်ဆက်ဦးမယ့် OnePlus Fold အကြောင်း ပေါက်ကြားထားတာကို အမြည်းသဘော အနေနဲ့ ဖော်ပြလိုက်ပါတယ်။
Galaxy Fold အဓိက ပြိုင်ဖက် ဖြစ်လာတဲ့ Foldable ကို 7.8” 120Hz Display နဲ့ တည်ဆောက်ထားပြီး ခေါက်ချိုးနိုင်တဲ့ AMOLED Panel ဟာ 1900 x 2100 Resolution ထောက်ပံ့တယ်လို့ သိရပါတယ် ၊ ပါဝါစား သက်သာတဲ့ LTPO Panel ဟာ ဒိပြင် Foldable ဖုန်းတွေရဲ့ အချက်လက်နဲ့ အတူတူပဲလို့ ခန့်မှန်းရတယ်။
အပြင်ဖက် Cover Display ကျ 6.3” ရှိပြီး 120Hz Refresh Rate ရတယ် ဒါမယ့် LTPO တော့ မဟုတ်ဘူး။
SoC ပိုင်း Snapdragon 8 Gen 2 သုံးထားပြီး OnePlus 11 Specs နဲ့ သိပ်မကွာ 16GB RAM နဲ့ 256GB Storage ပါမယ်၊ 67W Fast Charging စနစ်ရ 4,800 mAh Battery က Dual Display တွက် အားနည်းသယောင် ဖြစ်နေလို့ Battery Life ဘယ်လောက်ခံမယ် ခန့်မှန်းလို့ မလွယ်ပါဘူး။
Camera ပိုင်းမှာ IMX890 48MP Sensor ကို Main ထားပြီး နောက်ထပ် 48MP Ultra-wide နဲ့ 64MP Telephoto ပါမယ် ၊ Selfie တွက် 32MP ကို Cover Display နဲ့ 20MP Sensor ကို အတွင်းဖက် ကင်မရာတွေ အဖြစ် OnePlus မိတ်ဆက်နိုင်ချေ ရှိပါတယ်။
High-end ချည်းသုံးထားတဲ့ Specs က ဇူလိုင်လထဲ မြင်ရဦးမယ့် Galaxy Fold5 နဲ့ ဘာကွာသွားမလဲ? သေချာသလောက် စျေးနှုန်းပိုင်းလို့ ခန့်မှန်းရသလို စိတ်ဝင်စားဖို့ ကောင်းတဲ့ နောက်တချက်က Razr 40+ ကို တည့်ဖိုက်ဦးမယ့် Z Flip5 ပါ။
ပြောရရင် OnePlus Nord 3 ၊ Vivo X90s ၊ iQOO Neo 7 Pro နဲ့ OPPO Reno10 Series လို တရုတ်ဖုန်းတွေ လိမ့်ထွက်လာမယ့် ဇူလိုင်လဆန်းကို Megapixel တိုက်ပွဲ အသွင်ပြောင်းဦးမှာပါ ၊
ဒိကြားထဲ Nothing Phone 2 ပေါ်လာဦးမှာ ဖြစ်ပေမယ့် ပဲလှော် ဆားညှပ်ပဲ ဖြစ်သွားမလား ခုချိန်ထိ ကင်မရာပိုင်း ထုတ်ပြောချင်း မရှိတာမို့ မြင်သာမြင်ရ မကြင်ရပေမယ့် ထွက်သမျှ ဖုန်းတွေကိုတော့ သွားရည်ယို လိုက်ငမ်းရပါဦးမယ်။
Source: GSMArena
Share