အခုချိန်ထိတော့ Galaxy Note 8 ဟာ Samsung ရဲ့ ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်နေပါတယ်။
Photo: Business Insider
ထင်သလောက် ရောင်းအားမတက်ခဲ့တဲ့ Galaxy S9 စီးရီးရဲ့ pre-order ပမာဏထက် Galaxy Note 9 ဟာ ကျော်တက်နိုင်ခဲ့ပြီလို့Korea Herald သတင်းမှာ ဖော်ပြထားပါတယ်။ ပမာဏအားဖြင့် Galaxy Note 9 ကို အော်ဒါမှာယူမှုဟာ Galaxy S9 မှာထက် ၃၀ ကနေ ၅၀% အထိ ရှိထားတယ်လို့ဆိုပါတယ်။ဒါဟာ ပြီးခဲ့တဲ့နှစ် Galaxy Note 8 ရဲ့ pre-order မှာယူမှုရဲ့ ၈၀% ပဲ ရှိသေးတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ အော်ဒါစတင် လက်ခံချိန်မှာ Galaxy Note 8 ဟာ တစ်ရက်တည်းနဲ့အလုံးရေ ၃၉၅၀၀၀ အထိ စံချိန်တင် အော်ဒါမှာယူမှု ရထားပါတယ်။ Galaxy Note 8 ရဲ့ အော်ဒါကာလ ၁ ပတ်အတွင်း အလုံးရေ ၈ သိန်းခွဲကျော်အထိ ရောင်းချနိုင်ခဲ့ပြီး ၁ လအတွင်း တောင်ကိုရီးယားမှာ Galaxy Note 8 အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တာပါ။
Galaxy S9 မှာတုန်းက ဆန်းသစ်ချက် သိပ်မပါခဲ့ပေမယ့် Galaxy Note 9 မှာတော့ Galaxy Note series တွေထဲမှာ ပထမဆုံးအဖြစ် အကြီးဆုံး ဘက်ထရီ ၊ Bluetooth ချိတ်ဆက်နိုင်တဲ့ S-Pen အပြင် RAM 8GB/onboard storage 512GB နဲ့ပွဲထုတ်လာခဲ့ပါတယ်။ Galaxy Note 9 ကို RAM 6GB/128GB storage ဗားရှင်းနဲ့RAM 8GB/512GB storage ဗားရှင်းဆိုပြီး နှစ်မျိုးမိတ်ဆက်ထားတာပါ။
တရုတ်ဈေးကွက်မှာ RAM 6GB မော်ဒယ်ကို ၆၉၉၉ ယွမ် (မြန်မာငွေ ၁၅ သိန်းခွဲကျော်) နဲ့RAM 8GB မော်ဒယ်ကို ၈၉၉၉ ယွမ် (မြန်မာငွေ သိန်း ၂၀ နီးပါး) ဈေးတွေနဲ့pre-order မှာယူနိုင်မှာပါ။ တရားဝင်ကတော့ သြဂုတ်လ ၂၄ ရက်နေ့မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။
Photo: 9to5google
မြန်မာနိုင်ငံမှာတော့ ဒီဖုန်းကို သြဂုတ်လ ၂၈ ရက်နေ့ကစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပြီး RAM 6GB မော်ဒယ်ကို မြန်မာငွေ ၁၃ သိန်း ၉ သောင်း ၉ ထောင်ဈေးနဲ့RAM 8GB မော်ဒယ်ကို ၁၇ သိန်းခွဲဈေးနဲ့ဝယ်ယူနိုင်မှာပါ။