Fortnite လို ဂိမ်းမျိုးကို အန်းဒရိုက်ဗားရှင်းနဲ့ပထမဆုံးကစားနိုင်မယ့် ဒီဖုန်းမှာ နောက်ထပ်ဘာတွေ ထူးခြားလာဦးမလဲ။
(၁) Performance
Galaxy Note 9 ရဲ့ တရားဝင်ကြော်ငြာတိုလေးတွေကတော့ ဒီဖုန်းဟာ အန်းဒရိုက်ဖုန်းတွေထဲမှာ အတော်ကြီးကို မြန်မယ့် flagship မော်ဒယ် ဖြစ်မယ်လို့ညွှန်းထားပါတယ်။ Samsung ရဲ့ အကြီးဆုံး ပြိုင်ဘက် Apple ရဲ့ iPhone က ဒီနှစ်ထဲထွက် အန်းဒရိုက်ဖုန်းတွေထက် performance နှေးမယ်ဆိုပြီး သတင်းတွေ ထွက်ထားလို့ဒီကြော်ငြာတင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။
performance အနေနဲ့တွဲပြီး မြင်ရမယ့် အချက်တစ်ချက်က RAM 8GB အပြင် အမြင့်ဆုံး 512GB storage ထိ ပါလာမယ့် အချက်ပါပဲ။ အနည်းဆုံး 128GB storage အပြင် 256GB ဗားရှင်းလည်း onboard အနေနဲ့ပါလာမှာ ဖြစ်လို့SD card မလိုတဲ့ မော်ဒယ်လို့လည်း ဆိုရမှာပါ။
(၂) Fortnite အန်းဒရိုက်ဗားရှင်း
photo: XDA Developers
ဒီအချက်က PUBG အပြင် တစ်ခြား အွန်လိုင်း battle ဂိမ်းကောင်းကောင်း ဆော့ချင်သူတွေအတွက် တကယ့် စိတ်လှုပ်ရှားစရာ ဖြစ်မှာပါ။ iOS ဗားရှင်းအနေနဲ့ပဲ iPhone / iPad တွေမှာကစားနိုင်ခဲ့တဲ့ ဒီဂိမ်းကို Galaxy Note 9 မှာ ပထမဆုံး Android version အနေနဲ့မိတ်ဆက်သွားမှာ ဖြစ်ပြီး ရက် ၃၀ လုံးလုံး ဒီဖုန်းကလွဲပြီး တစ်ခြား အန်းဒရိုက်ဖုန်းတွေမှာ ဆော့ရဖို့မမြင်ပါဘူး။
(၃) ဒီဇိုင်း နဲ့ကာလာသစ်အစုံ ပါဝင်မလား
photo: 9to5 Google
အရင်နှစ်က Galaxy Note 8 ဟာ dual camera setup ကို ပထမဆုံး သုံးတဲ့ Samsung ဖုန်းဖြစ်ပေမယ့် အားနည်းချက်က fingerprint scanner ထားတဲ့ ပုံစံပါ။ ဒီနှစ် Galaxy S9/S9+ ကစပြီး fingerprint scanner ကို သုံးလို့ပိုပြီး အဆင်ပြေစေဖို့ကင်မရာအောက်ခြေမှာ ပြောင်းထားလိုက်ပြီ ဖြစ်ပါတယ်။
Galaxy Note 9 မှာလည်း ဒီအတိုင်း ကျောဘက် အလယ်မှာ LED flash ၊ heart rate sensor နဲ့အတူ အလျားလိုက် dual cameras စနစ် ပါရှိမှာပါ။ အရှေ့display ကတော့ Infinity curved Display သုံးသွားပြီး အနက် ၊ အပြာ ၊ ပန်းနဲ့အညိုကာလာများအပြင် ဆန်းပြားတဲ့ ကာလာသစ်တွေပါ မြင်ရဖို့ရှိပါတယ်။
(၄) ဘက်ထရီအကြီးစား ၊ features သစ်နဲ့S Pen
photo: Geeky Gadgets
Galaxy Note 8 မှာ Samsung ဟာ 3300 mAh ဘက်ထရီကို သုံးသွားခဲ့ပါတယ်။ ဘက်ထရီပြဿနာတက်ပြီးစ ထွက်လာတဲ့ မော်ဒယ်ဖြစ်လို့ဘက်ထရီပါဝါ လျှော့တာလည်း ဖြစ်နိုင်ပါတယ်။ Samsung ရဲ့ Note series တွေထဲမှာ မီးလောင်ပေါက်ကွဲမှုကြောင့် ဈေးကွက်က ပြန်သိမ်းလိုက်ရတဲ့ Galaxy Note 7 မှာတောင် 3500 mAh ဘက်ထရီ သုံးထားတာပါ။
Galaxy Note 9 မှာတော့ 4000 mAh ဘက်ထရီနဲ ့လာဖို့ရှိပြီး Wireless Charger Duo သစ်ကြောင့် ကြိုးမဲ့အားသွင်းမှုဟာ အတော်လေးကို မြန်လာမှာ ဖြစ်ပါတယ်။ S Pen နဲ့ပတ်သက်ပြီး ကြားရတဲ့ သတင်းတစ်ပုဒ်ကတော့ Bluetooth နဲ့ချိတ်ဆက်နိုင်ပြီး သီးသန့်apps တွေ ဖွင့်တာ ၊ ကင်မရာတွေကို အဝေးကနေ S Pen နဲ့ဖွင့်နိုင်တာတွေ ရှိမယ်လို့ ဆိုပါတယ်။
(၅) ဘယ်နေ့မှာ မိတ်ဆက်မှာလဲ
photo: CNet
ဒီအချက်ကတော့ တရားဝင် အတည်ပြုပြီးသားပါ။ နယူးယော့ခ်မြို့ သြဂုတ်လ ၉ ရက်နေ့မှာ Samsung ဟာ Galaxy Note 9 Unpack ပွဲလုပ်သွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့Samsung ဟာ iPhone X နဲ့မတိမ်းမယိမ်းဈေးနဲ့ရောင်းချသွားဖို့လည်း ရှိပါတယ်။
Share