Samsung ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Galaxy S10 5G ကို တောင်ကိုရီးယားတယ်လီကွန်းတစ်ခုမှာ network test လုပ်တဲ့ ရလဒ် ထွက်လာပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီတွေထဲမှာ ပါတဲ့ SK Telecom ဟာ Samsung Galaxy S10 5G ရဲ့ ကွန်ရက်မြန်နှုန်းကို စမ်းသပ်စစ်ဆေးကြည့်ရာမှာ 5G-LTE နှစ်ခုပေါင်း နည်းပညာကြောင့် ဒီဖုန်းဟာ data speed အနေနဲ့2.6Gbps အထိ တက်လာခဲ့တယ်လို့GSM Arena မှာ ဖော်ပြထားပါတယ်။ Galaxy S10 5G ဖုန်းမှာ သုံးထားတဲ့ 5G စစ်စစ်ကတော့ 1.5Gbps အထိ ရှိပြီး ကျန်တဲ့ data speed 1.15Gbps ကတော့ LTE ကနေ ဆွဲတာ ဖြစ်တယ်လို့ဆိုပါတယ်။
Photo: GSMArena
Galaxy S10 5G ဟာ ၂၀၁၉ နှစ်လယ်ပိုင်းအတွင်း ဈေးကွက်ထဲ ဖြန့်မယ့် ဖုန်းဖြစ်ပြီး ဈေးကွက်ထဲ ရောက်ရှိချိန်မှာ အမြင့်ဆုံး data speed အနေနဲ့2.7Gbps အထိ ရောက်လာမယ်လို့လည်း SK Telecom က ဆိုပါတယ်။ ဒီ speed နဲ့ဆိုရင် Galaxy S10 5G ဟာ 2GB ရှိတဲ့ ရုပ်ရှင်ကားတစ်ကားကို ၆ စက္ကန့်အတွင်း ဒေါင်းလုပ်ဆွဲနိုင်မှာ ဖြစ်ပါတယ်။
Samsung ဟာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Galaxy S10e ၊ Galaxy S10 နဲ့S10 Plus တို့နဲ့အတူ ခေါက်သိမ်းနိုင် display ပါတဲ့ Galaxy Fold စမတ်ဖုန်းနဲ့Galaxy S10 5G တို့ကို ကြေညာခဲ့ပါတယ်။ Galaxy S10 5G ဟာ ဒီဇိုင်းပိုင်းမှာ Galaxy S10 Plus နဲ့ဆင်ပြီး မျက်နှာပြင် ၆.၇ လက်မ ၊ အရှေ့နဲ့အနောက်မှာ 3D ToF Depth Sensor တစ်လုံးစီ ပါဝင်ပါတယ်။
Photo: CNET
ကျောဘက် ကင်မရာ ၄ လုံး ၊ ရှေ့ဘက်မှာ ကင်မရာ ၂ လုံး ပါရှိပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ultrasonic fingerprint scanner သုံးလာတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ Qualcomm ရဲ့ အမြင့်ဆုံး နောက်ဆုံးပေါ် Snapdragon 855 SoC ကို ပထမဆုံး သုံးတဲ့ ဖုန်းတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး RAM 8GB/256GB သုံးထားပါတယ်။
Galaxy S10 5G ဟာ 25W Super Fast Charging ရတဲ့ 4500 mAh ဘက်ထရီနဲ လာပြီး IP68 rating ရတဲ့ ဖုန်းပါ။ Dolby Atmos စတီရီယို စပီကာတွေပါဝင်တဲ့ ဒီဖုန်းရဲ့ ဈေးတော့ မသိရသေးပါဘူး။