Samsung ကုမ္ပဏီမှ အလျော်ပေးဖို့ငြင်းထားတယ်လို့ဆိုပါတယ်။

တောင်ကိုရီးးယားနိုင်ငံမှာ ရောင်းချထားတဲ့ Galaxy S10 5G မော်ဒယ်ဟာ အကြောင်းရင်းမသိရဘဲ မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

         AFP သတင်းဌာနမှာ ဖော်ပြချက်အရ Samsung ရဲ့ Galaxy 10 5G သစ်ဟာ စားပွဲပေါ် တင်ထားချိန်မှာ အံ့အားသင့်ဖွယ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ ပိုင်ရှင်နာမည်အရင်း မသိရဘဲ မျိုးရိုးနာမည် Lee လို့ခေါ်တဲ့သူဟာ ညှော်နံ့ရလို့စားပွဲပေါ် ကြည့်လိုက်ရာမှာ Galay S10 5G ကနေ မီးခိုးထွက်နေတာ မြင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

Photo: Cyberockk



         "မီးခိုးစထွက်တဲ့ အချိန်မှာ ကျွန်တော့်ဖုန်းက စားပွဲပေါ်မှာဗျ" လို့သူက ပြောပါတယ်။ ဖုန်းဟာ ရုတ်တရပ်အလွန်အမင်း ပူပြင်းလာတာကြောင့် အောက်ကို လွတ်ချခဲ့တယ်လို့ဆိုပါတယ်။ မီးလောင်ထားတဲ့ ပုံအရ ဖုန်းရဲ့ ရှေ့နောက် မှန်တွေဟာ အက်ကွဲနေပြီး မီးကျွမ်းထားပါတယ်။ Lee ဟာ Samsung ဆီ ဖုန်းဖိုး ဒေါ်လာ ၁၂၀၀ တောင်းထားပေမယ့် ကုမ္ပဏီဘက်မှ ပြန်လျော်ဖို့ငြင်းဆန်ထားတယ်လို့ဆိုပါတယ်။

         Samsung Galaxy S10 5G ဟာ ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် 5G ဖုန်းဖြစ်ပြီး တောင်ကိုရီးယားမှာ ဧပြီ ၅ ရက်နေ့က ရောင်းချခဲ့တာပါ။ ဒီဖုန်းဟာ Exynos Modem 51000 ပါတဲ့ Samsung Exyos 9820 processor နဲ့Snapdragon X50 5G Modem ပါတဲ့ Snapdragon 855 SoC ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ဈေးကွက်ပေါ် လိုက်ပြီး ဖြန့်ချိထားတာပါ။

         ဈေးကွက်မှာ စတင် မိတ်ဆက်စဉ်က Galaxy S10 5G ဟာ လိုင်းဆွဲအား ပြဿနာ တက်ခဲ့ပြီး 5G မမိတဲ့ နေရာမျိုးမှာ 4G လိုင်းဆွဲအားပါ ပျောက်နေတယ်လို့ဆိုပါတယ်။ တောင်ကိုရီးယားဈေးကွက်မှာ Galaxy S10 5G ရဲ့ အမြင့်ဆုံးမော်ဒယ် 512GB ဗားရှင်းကို ဝမ် ၁.၅၅ သန်း (၁၃၆၆ ဒေါ်လာ) နဲ့ရောင်းချထားပြီး 256GB ဗားရှင်းကိုတော့ ဝမ် ၁.၃၉ သန်း (၁၂၃၁ ဒေါ်လာ) ဈေးနဲ့ရေင်းချထားပါတယ်။

         Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မီးလောင်ပေါက်ကွဲမှုများကြောင့် Galaxy Note 7 စမတ်ဖုန်းပေါင်း ၃ သန်း ခန့်ဈေးကွက်မှ ပြန်သိမ်းခဲ့ရပြီး ဒေါ်လာ ၅ ဘီလျံ အရှုံးပေါ်ခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က