ဖေဖော်ဝါရီ ၂၀ ရက်နေ့မိတ်ဆက်သွားမှာပါ။

Galaxy S10 ဖုန်းတွေဟာ ဆဌမမျိုးဆက် WiFi နည်းပညာ သုံးသွားမယ်လို့ဆိုပါတယ်။

         WiFi 6 လို့ခေါ်တဲ့ မျိုးဆက်သစ် ကြိုးမဲ့အင်တာနက် ကွန်ရက်နည်းပညာဟာ ၂၀၁၈ အကုန်ပိုင်းလောကက စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အင်တာနက် ဒေတာမြန်နှုန်း ပိုများလာသလို စွမ်းဆောင်ရည်လည်း ပိုကောင်းလာတဲ့ နည်းပညာဖြစ်ပါတယ်။ အရင်က WiFi တွေကို 802.11b ၊ 802.11a ၊ 802.11g စသည်ဖြင့် WiFi မျိုးဆက်တွေကို နာမည်ပေးခဲ့တာပါ။



 
        

Photo: Trusted Reviews

         WiFi 6 မျိုးဆက်သစ် နည်းပညာကို အိမ်သုံး နဲ့WiFi ကွန်ရက်တွေမှာ သုံးလာမှာ ဖြစ်ပေမယ့် WiFi 6 router ကိုတော့ နောက်နှစ်အနည်းငယ်ကြာမှ ဝယ်ယူနိုင်ဖို့ရှိပါတယ်။ စမတ်ဖုန်းတွေမှာတော့ Qualcomm Snapdargon 855 SoC ဟာ WiFi 6 ပံ့ပိုးမှုပါလာတာကြောင့် ၂၀၁၉ မော်ဒယ် high-end ဖုန်းတွေမှာ WiFi 6 နည်းပညာကို သုံးလာမှာ သေချာပါတယ်။

         Samsung ရဲ့ ပရီမီယံစီးရီး Galaxy S10/S10 Plus တို့ဟာ WiFi 6 နဲ့ပထမဆုံး ထွက်လာတဲ့ စမတ်ဖုန်းတွေထဲမှာ ပါဖို့ရှိနေပါတယ်။ Samsung ဟာ ဒီနှစ်ထွက် Galaxy S10 စီးရီးမှာ punch hole လို့ခေါ်တဲ့ ကင်မရာပေါက်နဲ့လာတဲ့ selfie ကင်မရာတွေကို သုံးသွားမယ်လို့သတင်းထွက်နေပါတယ်။ ကင်မရာစနစ်မှာ ရှေ့dual selfie ကင်မရာ နဲ့ကျောဘက် triple lens သုံး Galaxy S10 Plus ကို လည်း ဒီနှစ်ထဲ မြင်ရဖို့ရှိနေပါတယ်။

         ဈေးကွက်ပေါ်လိုက်ပြီး Samsung Galaxy S10 စီးရီးဟာ Exynos 9820 chipset နဲ့Snapdragon 855 chipset တို့ကို သုံးသွားမယ်လို့ဆိုပါတယ်။ Samsung ဟာ လာမယ့် MWC 2019 ပွဲမတိုင်ခင် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Galaxy S10 series ကို တရားဝင် မိတ်ဆက်သွားဖို့စီစဉ်ထားပြီး ဒီပွဲမှာ ခေါက်သိမ်းနိုင် display ပါတဲ့ foldable phone ကိုလည်း ကြေညာသွားဖို့ရှိပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က