နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိသွားမှာပါ

တောင်ကိုရီးယားဈေးကွက်မှာ မိတ်ဆက်လိုက်တဲ့ BTS Edition သစ်ဟာ တစ်နာရီအတွင်း ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။

Samsung ဟာ နာမည်ကျော် ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS နဲ့ ပူးပေါင်းပြီး နောက်ဆုံးထွက် flagship ဖုန်းသစ် ရောင်းအားမြှင့်တင်ရေး လုပ်ခဲ့ပါတယ်။ Kpop super band အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS နဲ့ ပူးပေါင်းပြီး မိတ်ဆက်လိုက်တဲ့ Galaxy S20+ နဲ့ Galaxy Buds+ BTS Edition တို့ကို pre-order စပြီး လက်ခံတဲ့နေ့ တစ်နာရီအတွင်းမှာပဲ ပစ္စည်းကုန် ရောင်းချနိုင်ခဲ့တယ်လို့ Korea Herald သတင်းက ဖော်ပြထားပါတယ်။ 



Photo: gizchina

BTS အမှတ်တံဆိပ် ထုတ်ကုန်သစ်ရောင်းအားအရေအတွက်ကိုတော့ Samsung ဘက်မှ ထုတ်ပြန်ခြင်း မရှိပါဘူး။ BTS Limited Edition အဖြစ် ထုတ်ထားတဲ့ Galaxy S20+ 5G နဲ့ Galaxy Buds+ တို့ဟာ ခရမ်းရောင်ကာလာနဲ့ လာပါတယ်။ ဒါ့အပြင် BTS စတိုင် Wireless Charger ၊ Limited Edition case နဲ့ ပိုစတာပါ ထည့်ပေးထားပါတယ်။ 

Galaxy S20+ 5G နဲ့ Galaxy Buds+ တို့ကို ကိုရီးယားဝမ် ၁.၆ သန်း - မြန်မာငွေ ၁၈ သိန်းကျော်ဈေးနဲ့ ရောင်းချသွားမှာပါ။ တောင်ကိုရီးယားဈေးကွက်ထဲကို ဇွန်လ ၂၉ ရက်နေ့ ဖြန့်ချိသွားမှာ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထဲကိုတော့ ဇူလိုင် ၉ ရက်နေ့မှာ စတင်‌ရောင်းချသွားမှာ ဖြစ်ပါတယ်။4G ဗားရှင်းလည်း pre-order မှာနိုင်မှာ ဖြစ်ပြီး ယူကေနဲ့ အမေရိကန်ဈေးကွက်တို့မှာလည်း ဖြန့်ချိသွားမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က