ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကြေညာသွားမယ့် Samsung Galaxy S22 စီးရီး ထုတ်ကုန်သစ်တွေအကြောင်း အချက်အလက်အပြည့်အစုံနီးပါး ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
Galaxy Unpacked ပွဲမှာ Samsung ဟာ Galaxy S22 ၊ Galaxy S22+ နဲ့ Galaxy S22 Ultra ဆိုပြီး ဖုန်းသစ်သုံးမျိုးနဲ့ Galaxy Tab S8 စီးရီး Flagship တက်ဘလက်တွေလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ Galaxy Unpacked ပွဲရောက်ဖို့ နှစ်ပတ်နီးပါး လိုသေးပေမယ့် Leakers တွေအကြားမှာ ဖုန်းသစ်တွေရဲ့ အနီးစပ်ဆုံး ခန့်မှန်းဈေးနှုန်းနဲ့ ဖြစ်နိုင်ခြေအများဆုံး Specs တွေ ကြားသိရပြီ ဖြစ်ပါတယ်။
ဖုန်းသုံးမျိုးမှာ အနိမ့်ဆုံးမော်ဒယ်လို့ ပြောနိုင်တဲ့ Galaxy S22 ဟာ ၆.၁ လက်မ 1080 x 2340p ရုပ်ထွက်ပါ Dynamic AMOLED 2X display နဲ့လာပြီး Refresh Rate 120Hz အထိ သုံးလာမှာပါ။ အမြင့်ဆုံးတောက်ပမှု 1500nits အထိ ပါရှိပြီး နောက်ဆုံးပေါ် Gorilla Glass Victus မှန် ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ processor ပိုင်းမှာ 4nm Exynos 2200 Chip သုံးလာပြီး RAM 8GB ၊ AMD RDNA 2 Graphics ၊ Wi-Fi 6 ၊ Bluetooth 5.2 ချိတ်ဆက်မှုနဲ့ 5G ကွန်ရက်ပံ့ပိုးမှု ပါလာမှာပါ။
Galaxy S22
ကင်မရာပိုင်းမှာ ကျောဘက် 23mm Wide lens ပါ 50MP (f/1.8, OIS, 1/1.56", 1.0 µm) ပင်မကင်မရာ ၊ 12MP (f/2.2, 1/2.55", 1.44 µm) 13mm ultrawide Sensor နဲ့ 10MP (f/2.4, OIS, 1/3.94", 1.0 µm) 69mm 3x telephoto ကင်မရာတို့ ပါမယ်လို့ ဆိုပါတယ်။ ရှေ့ဘက် Punch Hole ထဲမှာ 10MP (f/2.2, 1/3.24", 1.22 µm) 25mm selfie ကင်မရာ သုံးသွားမယ်လို့ GSMArena သတင်းက အသေးစိတ် ဖော်ပြထားပါတယ်။
Galaxy S22 Plus
မျက်နှာပြင်အရွယ်အစား ၆.၆ လက်မ ရှိပြီး တောက်ပမှုအမြင့်ဆုံးအဆင့် 1750nits အထိ ရှိတာက လွဲရင် ကျန်တဲ့အချက်တွေကတော့ Galaxy S22 နဲ့ အတူတူပဲ ဖြစ်မှာပါ။ ဘက်ထရီပါဝါ 4500mAh အား သုံးပြီး ကင်မရာနဲ့ Chipset လည်း Galaxy S22 အတိုင်း ဖြစ်ဖို့ ရှိပါတယ်။ 8/128GB မော်ဒယ်ကို ၁၀၄၉ ယူရို (မြန်မာငွေ ၂၁ သိန်းကျော်) နဲ့ 8/256GB ဗားရှင်းကို ၁၀၉၉ ယူရို (မြန်မာငွေ ၂၂ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။
Ultra မော်ဒယ်ဟာ Screen Size အကြီးဆုံးဖြစ်ပြီး ၆.၈ လက်မ 3080 x 1440p ရုပ်ထွက်နဲ့ လာပြီး Refresh Rate 1Hz ကနေ 120Hz ကို ပြောင်းနိုင်စွမ်းရှိမှာပါ။ တောက်ပမှုအဆင့်မှာ Plus မော်ဒယ်အတိုင်း 1750nits နဲ့လာပြီး Processor ပိုင်းမှာလည်း ကျန်မော်ဒယ်နှစ်ခုနဲ့ တစ်ပုံစံတည်း ဖြစ်ဖို့ ရှိပါတယ်။ ကင်မရာပိုင်းမှာ OIS ပါ 108MP Main Sensor ၊ 12MP (f/2.2, 1/2.55", 1.4 µm, AF) 13mm ultrawide ၊ 10MP 69mm 3x (f/2.4, 1/3.52", 1.12 µm, OIS) Tele ကင်မရာနဲ့ 10MP 230mm 10x (f/4.9, 1/3.52", 1.12 µm, OIS) periscope ဆိုပြီး ကင်မရာ ၄ လုံး သုံးလာနိုင်ပါတယ်။
Galaxy S22 Ultra
ရှေ့ဘက် punch Hole ဆယ်လ်ဖီကင်မရာမှာလည်း အကြီးစား 40MP (1/2.8", 0.7µm, AF) and 25mm f2.2 lens သုံးလာဖို့ ရှိပါတယ်။ Galaxy S22 Ultra ဟာ 5000mAh အကြီးစား ဘက်ထရီ သုံးလာပြီး Galaxy Note စီးရီးစတိုင် Built-In S Pen တစ်ခု ပါလာနိုင်ပါတယ်။ 8/128GB မော်ဒယ်ကို ၁၂၄၉ ယူရို (မြန်မာငွေ ၂၅ သိန်းကျော်) ၊ 12/256GB မော်ဒယ်ကို ၁၃၄၉ ယူရို (မြန်မာငွေ ၂၇ သိန်းကျော်) နဲ့ 12/512GB အတွက် ၁၄၄၉ ယူရို (မြန်မာငွေ ၂၉ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချဖို့ ရှိပါတယ်။