Samsung ရဲ့ နောက်ဆုံးပေါ် Galaxy S23 Ultra ဟာ ရေလည်လန်းသလို စျေးလည်း ကြီးပါတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ 8GBRAM/256GB Storage နဲ့ကို သိန်း ၄၀ နီးပါး တန်ကြေးရှိပြီး နိုင်ငံအလိုက် S23U စျေးနှုန်း ကွဲပါသေးတယ်။
တကယ်တော့ Luxury ဖုန်းတွေကို လူကုံထုံ အများစု ဖော်ကြွားဖုန်း အနေနဲ့ ကိုင်ကြပေမယ့် အမြတ်တနိုး သုံးလိုသူ ၊ အချိန်တစ်ခုထိ စုဆောင်းထားပြီးမှ ဝယ်ထားသူမျိုးဆိုရင် ပိုပြီး တယုတယ ကိုင်ကြပါတယ်။
အခုဖော်ပြလိုတဲ့ အကြောင်းအရာက Rajesh Vishwas အမည်ရ Food Inspector တစ်ယောက်ဟာ သူငယ်ချင်းတစ်စုနဲ့ အပျော်တမ်း Selfie ဆွဲနေရင်း အမှတ်မထင်ဘဲ သူ့ရဲ့ Galaxy S23 Ultra ဟာ ရေစီးနေတဲ့ Kherkatta ဆည်ထဲ ကျသွားခဲ့ပါတယ် (Kherkatta ဆည်ဟာ အိန္ဒိယမှာ ရှိပါတယ်)
အဆိုပါ ဆည်မှာ ရေလီတာပေါင်း ၆.၁ ဘီလီယံ သိုလှောင်ထားပြီး မရှိဘူး ဆိုရင်တောင် ရေအနက် ပေ ၃၀ (ခန့်မှန်း) ကျော်မယ်လို့ ဗီဒီယိုထဲက အနေထားအရ စာရေးသူ ခန့်မှန်းကြည့်ပါတယ်။
Rajesh ဟာ ဆည်မြောင်း ဦးစီးဌာနကို ဖုန်းဆက်ပြီး ရေထဲကျသွားတဲ့ ဖုန်းကို ပြန်ဆယ်ဖို့ အကူညီတောင်းခဲ့ပါတယ်။
သူ့ တောင်းဆိုမှုကို လိုက်လျောပြီးနောက် ရေလီတာပေါင်း ၂.၁ သန်းကျော်ကို ရေဆင်းမြောင်းကတဆင့် ဖောက်ချခဲ့ပြီး ၇၂ နာရီ ၃ ရက် အချိန်ပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။
ဒီနေရာမှာ Galaxy S23U ဟာ ရေစိုခံ ၊ ရေစိမ်ခံဆိုပေမယ့် ရေအနက် ၄ ပေ မှာ နာရီဝက်ပဲ အစိမ်ခံပါတယ်။ ၇၂ နာရီ လုံးလုံး ရေအောက်မြုပ်နေတဲ့ ဖုန်းဟာ ဘာအကြောင်းကြောင့်မှပွင့်လာစရာ မရှိသလို အကယ်၍ ရေစိမ်တာ များသွားလို့ ဖုန်းပျက်စီးတာကို Samsung အနေနဲ့ အာမခံ မပေးပါဘူး။
ဒါကို ရေစိမ်ခံတဲ့ ဖုန်းဝယ်ထားတာ ပြန်ဆည်ရင်ရတယ်ဆိုတဲ့ အတွေးနဲ့ Rajesh ကြိုးစားခဲ့ပုံရပြီး ရေလီတာ ၂.၁ သန်းကျော် ဖောက်ချပြီးနောက် သူ့ Galaxy S23 Ultra ပြန်ရခဲ့ပါတယ်။
ဖုန်းပြန်ရပြီးနောက် ဒီကောင်ဘာလို့ ဆည်ဖောက်ချလဲ အစိုးရဌာန သိသွားတဲ့အခါ ညည်းတွားခံရသလို ဖောက်ချလိုက်တဲ့ ရေတွေကို အနီးနားက လယ်သမားတွေ အကျိုးရှိစေဖို့ ဆိုပြီး ၎င်းရဲ့ Social Media မှာ အရှက်ပြေ တင်ခဲ့ပါတယ်။
တကယ်တော့ ရေလီတာ ၂.၁ သန်းလုံး အလဟသ ဖြစ်ခဲ့ရသလို S23U ပြန်ရပေမယ့် ပါဝါမနိုး ၊ ပျက်ဆီးသွားတဲ့ စမတ်ဖုန်းတန်ဖိုးကို သူ့ရဲ့ ပိုက်ဆံအိတ်ထဲက ပြင်ရုံမှတပါး ပြန်ရစရာ မရှိသလို အစိုးရဌာနလည်း မျက်နှာသာ ပေးမယ့် အနေထားမရှိလို့ ဆင်ဖိုးထက် ချွန်းဖိုးနဲ့ ပိုစျေးကြီးလို့ပဲ သုံးသပ်ရပါတော့မယ်။
Credit: Wccftech Source: The Indian Express