Samsung ဟာ Flagship မော်ဒယ်ထုတ်ကုန်တွေအတွက် Major OS Update ၄ ခု နဲ့ Software Support ၅ နှစ်အထိ ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

ဈေးကွက်ထဲ မိတ်ဆက်တာ ၇ နှစ်ကျော် ကြာပြီ ဖြစ်တဲ့ Samsung Galaxy S6 စီးရီးအတွက် Update သစ်တွေ ထွက်လာပြီလို့ ဆိုပါတယ်။ 

Galaxy S6 ရဲ့ Update သစ်ကို Samsung Galaxy S6 ၊ S6 Edge နဲ့ S6 Edge Plus အသုံးပြုသူတွေအတွက် ဖြန့်ချိလိုက်တာပါ။ Galaxy S6 စီးရီးကို ၂၀၁၅ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဖုန်းတစ်လုံးအနေနဲ့ သက်တမ်းကုန်နေပြီလို့ ဆိုနိုင်ပေမယ့် အံ့ဩစရာကောင်းအောင် Update သစ် ထုတ်ပေးလာတာ ဖြစ်ပါတယ်။ Samsung ဟာ မကြာသေးခင်ကလည်း ၂၀၁၆ ထွက် Galaxy S7 မော်ဒယ်‌တွေကို Update ထုတ်ပေးခဲ့ပါတယ်။ 





ဒီအရင် ဩဂုတ်လထဲမှာလည်း သက်တမ်း ၅ နှစ်ရှိပြီ ဖြစ်တဲ့ Galaxy S8 ဖုန်းအတွက် Update သစ် ဖြန့်ချိထားတာပါ။ ဒီတစ်ခေါက်မှာတော့ နယ်သာလန်နဲ့ ဘယ်လ်ဂျီယမ်က Samsung Galaxy S6 အသုံးပြုသူတွေဟာ Update သစ် ရလာတယ်လို့ ဆိုပါတယ်။ GSMArena သတင်းအရ Vodafone က ဝယ်တဲ့ Galaxy S6 နဲ့ S6 Edge ဖုန်းတွေဟာ G920FXXU6EVG1 နဲ့ G925FXXU6EVG3 Firmware ဗားရှင်းတွေ တင်လို့ ရလာတယ်လို့ ဖော်ပြထားပါတယ်။ 

ဘယ်လ်ဂျီယမ်က SIM-free Galaxy S6 နဲ့ S6 Edge+ အသုံးပြုသူတွေလည်း Update သစ် ရလာကြပါတယ်။ တခြားတယ်လီကွန်းနဲ့ နိုင်ငံဈေးကွက်တွေမှာလည်း Galaxy S6 ဗားရှင်းတိုင်းအတွက် Update ရလာတော့မှာပါ။ Update သစ်ဟာ System တည်ငြိမ်မှုနဲ့ bug ရှင်းတာ ၊ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းမွန်စေဖို့နဲ့ Features သစ်တွေဆိုပြီး ပါလာပါတယ်။ Update ဆိုဒ်အနေနဲ့ 13MB အောက်ပဲ ရှိပြီး Galaxy S8 မှာတုန်းက 420MB ဆိုဒ် ရှိပါတယ်။ Android 9 စနစ်နဲ့ လာတဲ့ Galaxy S8 စီးရီးဟာ ၂၀၂၁ ဧပြီလက Official Update နောက်ဆုံးရထားတာလည်း ဖြစ်ပါတယ်။ 


Samsung ဟာ ဆက်မထုတ်တော့တဲ့ တခြားမော်ဒယ်ဟောင်းဖုန်းတွေအတွက်လည်း Update တွေ ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Galaxy J7 အတွက်လည်း Samsung ဟာ အလားတူ GPS update တစ်ခု ထုတ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက GalaxyClub ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Samsung ဟာ ၂၀၁၅ မော်ဒယ် Galaxy S6 Series နဲ့ Galaxy S9 တို့အပါအဝင် နောက်ထပ်ဖုန်းမော်ဒယ်ဟောင်းတွေကိုလည်း အလားတူ Updates ပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ 


အခုပြောခဲ့တဲ့ မော်ဒယ်တွေအားလုံးဟာ Samsung ရဲ့ တရားဝင် ဆော့ဖ်ဝဲလ် Support ပေးမှု ရပ်ဆိုင်ထားတဲ့ မော်ဒယ်တွေလည်း ဖြစ်ပါတယ်။ Samsung ဟာ မနှစ်ကစပြီး Flagship မော်ဒယ်ထုတ်ကုန်တွေအတွက် Major OS Update ၄ ခု နဲ့ Software Support ၅ နှစ်အထိ ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။


ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ Galaxy စမတ်ဖုန်းတွေကို ကနဦးဖြန့်ချိပြီးနောက် အနည်းဆုံး ၄ နှစ်ကြာအောင် လုံခြုံရေးအတွက် Security Updates တွေ ပုံမှန်ပေးသွားမယ်လို့ ဆိုပါတယ်။ Security Updates သစ်တွေကို လစဉ်ပေးတာ ၊ သုံးလပတ်တိုင်း အသစ်ထုတ်တာနဲ့ နှစ်နှစ်တစ်ကြိမ် ပုံမှန် Support ပေးတာမျိုး လုပ်ပြီး Galaxy ထုတ်ကုန်သုံးစွဲသူတွေရဲ့ အချက်အလက် ကာကွယ်ရေးကို တစ်ဆင့်မြှင့်လိုက်တာလည်း ဖြစ်ပါတယ်။


      ၂၀၁၉ ကစလို့ ထုတ်လုပ်လိုက်တဲ့ Galaxy Fold ၊ Z ၊ S ၊ Note ၊ A ၊ M ၊ XCover နဲ့ Tab စီးရီး စတဲ့ ပရီမီယံတန်းကနေ တန်ဖိုးသင့် ဘက်ဂျက်တန်း Galaxy ထုတ်ကုန်တွေအားလုံးဟာ အနည်းဆုံး ၄ နှစ်ကြာ security update support ပေးမယ့် စာရင်းမှာ အကျုံးဝင်သွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က