နောက်နှစ်ဆန်းမှာ ကြေညာသွားဖို့ရှိတဲ့ Flagship တက်ဘလက်ပါ

Galaxy S22 ဖုန်းသစ်တွေနဲ့အတူ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ထားတဲ့ Galaxy Tab S8 ထဲက Ultra မော်ဒယ်ရဲ့ အချက်အလက်တချို့အကြောင်း သတင်းထွက်ပေါ်လာပါတယ်။ 

နာမည်ကြီး စမတ်ဖုန်းသတင်းပေး Tipster တစ်ဦးဖြစ်တဲ့ Ice Universe ရဲ့ Tweet မှာ Galaxy Tab S8 Ultra အကြောင်း အရေးပါတဲ့အချက်အလက်တချို့ မျှဝေထားပါတယ်။ Ice Universe သတင်းအရ Galaxy Tab S8 Ultra ဟာ အကြီးစား ၁၄.၆ လက်မအရွယ်အစားဆိုဒ်နဲ့လာပြီး 3K ရုပ်ထွက်ဖြစ်တဲ့ 2960 x 1848px ကို သုံးသွားမယ်လို့ဆိုပါတယ်။ display ဟာ Super AMOLED panel ကို သုံးသွားဖို့ ရှိပြီး လက်ရှိ တက်ဘလက်လောကမှာ အမြင့်ဆုံး screen refresh rate ဖြစ်တဲ့ 120Hz နဲ့ လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 



Photo: ultimatepocket

Galaxy Tab S8 Ultra ကို ကုဒ်နာမည် SM-X906B လို့ နာမည်ပေးထားပြီး နောက်ထပ်လည်း သတင်းအချက်အလက်သစ်တွေ မကြာခင် ထွက်လာဖို့ ရှိပါတယ်။ အကြီးစား display နဲ့အတူ ဒီတက်ဘလက်သစ်ဟာ အကြီးစား 11500mAh ဘက်ထရီပါဝါ သုံးလာမယ်လို့ Ice Universe ကဆိုပါတယ်။ အစောပိုင်း သတင်းတွေအရ Galaxy Tab S8 တက်ဘလက်သုံးမျိုးစလုံးဟာ 45W charging support ပေးမယ်လို့လည်း ဆိုပါတယ်။ 

အသံပိုင်းမှာ စတီရီယိုစပီကာ လေးလုံး ပါလာဖို့ ရှိပြီး အလွန်ပါးလွှာတဲ့ဖရိန်နည်းပညာ Ultra-Thin Frame နဲ့ ထွက်လာဖို့လည်း မျှော်လင့်ထားပါတယ်။ Samsung ရဲ့ High-End တက်ဘလက်သစ်တွေဟာ Exynos 2200 အစား Snapdragon 898 chips ကို သုံးလာဖို့လည်း ရှိပါတယ်။ Galaxy Tab S8 နဲ့ Tab S8+ တို့ဟာ ၁၁ လက်မ LCD နဲ့ ၁၂.၄ လက်မ OLED panel တွေ သုံးလာဖို့ ရှိပြီး တက်ဘလက်အားလုံး 120Hz နဲ့ပဲ ထွက်လာဖို့ ရှိပါတယ်။ 

Galaxy Tab S8 မော်ဒယ်သုံးမျိုးမှာ အဓိက ကွဲပြားတာက Screen အရွယ်အစား ၊ Battery ပမာဏနဲ့ ဈေးနှုန်းပဲ ဖြစ်မှာပါ။ Samsung အနေနဲ့ Galaxy Tab S8 သစ်တွေကို လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလထဲမှာ Galaxy S22 series နဲ့အတူ ကြေညာသွားဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က