Google ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ ဈေးကွက်ထဲက ဈေးအသက်သာဆုံး Foldable ဖုန်းတွေထဲက တစ်လုံးဖြစ်လာဖို့ ရှိပါတယ်။
အစောပိုင်းက Google ရဲ့ Foldable ဖုန်းကို Pixel Fold လို့ ခေါ်နေကြပေမယ့် နောက်ဆုံးရတဲ့ အချက်အလက်တွေအရ Pixel Notepad နာမည်နဲ့ ထွက်လာမယ်လို့ ဖော်ပြနေကြပါတယ်။ Pixel Notepad ကို ဒီနှစ်အကုန်ပိုင်းမှာ ကြေညာသွားဖို့ ရှိပြီး ဈေးနှုန်း ဒေါ်လာ ၁၄၀၀ ဈေးနဲ့ မိတ်ဆက်သွားမယ်လို့ GSMArena သတင်းက ဆိုပါတယ်။ ဒါဟာ လက်ရှိ ခေါက်သိမ်းနိုင်စမတ်ဖုန်းဈေးကွက်ထဲက နာမည်ကြီး Galaxy Z Fold 3 ထက် ဒေါ်လာ ၄၀၀ သက်သာတာလည်း ဖြစ်ပါတယ်။
Photo: GSMArena
Foldable ဖုန်းထုတ်ထားတဲ့ OPPO ကတော့ တရုတ်ကုမ္ပဏီတွေရဲ့ ဗျူဟာအတိုင်း ဈေးသက်သာတဲ့ ဒေါ်လာ ၁၂၀၀ တန် OPPO Find N ကို မိတ်ဆက်ထားပါတယ်။ Pixel Notepad ဟာ OPPO Find N ထက် ဈေးပိုကြီးပြီး ဒီဇိုင်းပိုင်းမှာ Find N အချိုးအတိုင်း အနံခပ်ကျယ်ကျယ်နဲ့ လာဖို့ ရှိပါတယ်။ အခုပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေအရ Pixel Notepad ဟာ Google Tensor Chipset နဲ့လာပြီး RAM 12GB/512GB Storage ဗားရှင်းအထိ ထွက်လာနိုင်ပါတယ်။
ကင်မရာပိုင်းမှာ Pixel 6 စီးရီးတို့နဲ့ စာရင် ဝိတ်လျှော့လာဖို့ ရှိပြီး Pixel 5 ရဲ့ 12.2 MP IMX363 Sensor နဲ့ 12MP Ultrawide Sensor အတွဲကို သုံးလာဖို့ ရှိပါတယ်။ ဆယ်လ်ဖီကင်မရာအနေနဲ့ အတွင်း Main Screen မှာ 8MP တစ်လုံးနဲ့ ရှေ့ Cover Display မှာ 8MP ကင်မရာဆိုပြီး ကင်မရာနှစ်လုံး ပါလာဖို့ ရှိပါတယ်။ Pixel Notepad ကို ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိလာမယ်လို့ ယူဆရပါတယ်။