အဆင့်မြှင့်ထားတဲ့ Display စနစ် သုံးလာနိုင်ပါတယ်

Samsung ရဲ့ နာမည်ကျော် Foldable ဖုန်းတွေကို စိန်ခေါ်နိုင်မယ့် Xiaomi ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းသစ်ကို ဒီတစ်ပတ်သောကြာနေ့မှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။ 

Galaxy Z Fold 4 နဲ့ Z Flip 4 တို့ကို မိတ်ဆက်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ Xiaomi Mix Fold 2 ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ နာမည်ကြီး စမတ်ဖုန်းသတင်းသမား Ice Universe နဲ့ Digital Chat Station တို့ကလည်း ဒီသတင်းကို မျှဝေထားသလို Xiaomi CEO လေဂျန်ကလည်း ဩဂုတ်လ ၁၁ ရက်နေ့မှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။ 





"မတူထူးခြားတဲ့ အကြောင်းအရာတစ်ခု ပြောချင်ပါတယ်။ ဖွံ့ဖြိုးရေးဖြစ်စဉ်မှာ လူတွေဟာ ရှုံးနိမ့်မှုတွေ ပြဿနာအခက်အခဲတွေနဲ့ ကြုံရတတ်ပါတယ်။ ကျဉ်းထဲကျပ်ထဲမှာ ကျွန်တော့်ဘဝကို ဘယ်လို ဆွဲထုတ်ခဲ့တယ် ၊ ဘယ်လို အတွေးအမြင်တွေ ရလာခဲ့တယ်ဆိုတာ ပြောသွားမှာပါ" လို့ လေဂျန်က ရေးထားပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီပွဲဟာ Xiaomi ထုတ်ကုန်သစ် မြင်ရဖို့ရှိတဲ့ ပွဲတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ မကြာသေးခင်ကပဲ Xiaomi ရဲ့ မိုဘိုင်းထုတ်ကုန်မန်နေဂျာ လောင်ဝေက ပြန် Share ထားတဲ့ Screenshot တစ်ခုထဲမှာ Mi Mix Fold 2 လို့ ယူဆရတဲ့ ထုတ်ကုန်တစ်ခုရဲ့ အချက်အလက်တွေအကြောင်း တွေ့ခဲ့ရပါတယ်။ လောင်ဝေရဲ့ Screenshot ထဲမှာ ဖုန်းကာဗာ Display အတွက် 21:9 အချိုးနဲ့ လာပြီး 1080 x 2520px ရုပ်ထွက် ပါရှိမယ်လို့ ဆိုပါတယ်။ 



Xiaomi Mix Fold 2 ဟာ High-End Chipset သစ် ဖြစ်တဲ့ Snapdragon 8+ Gen 1 SoC သုံးလာဖို့ ရှိပြီး RAM 12GB/512GB Storage နဲ့ 1TB storage ဗားရှင်းတွေ ထွက်လာနိုင်ပါတယ်။ Display အနေနဲ့ 120Hz Samsung Eco² OLED Panel သုံးလာနိုင်ပြီး အလငးထုတ်လွှင့်မှု ပါဝါအစား သက်သာမှုနဲ့ Screen Ratio ကျမှု ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။ Xiaomi Mix Fold 2 ဟာ Xiaomi ရဲ့ ပထမဆုံး 200MP ကင်မရာစနစ်သုံး ဖုန်းဖြစ်လာမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က