ဈေးချိုတဲ့ Gaming Phone တစ်လုံး ဖြစ်လာမှာပါ

ဘက်ဂျက်မော်ဒယ်ဖြစ်တဲ့ Redmi စီးရီးတွေထဲကနေ Gaming Smartphone တွေ ထွက်ပေါ်လာဖို့ရှိပါတယ်။

စမတ်ဖုန်း processor တွေ ထုတ်လုပ်နေတဲ့ MediaTek ဟာ Gaming chipset သစ်တွေ ဖြစ်တဲ့ Helio G90 နဲ့Helio G90T တို့ကို ဇူလိုင် ၃၀ ရက်နေ့မှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်လာသူတွေထဲက တစ်ယောက်ကတော့ Redmi ရဲ့ brand director တစ်ဦးဖြစ်တဲ့ လူဝေဘင်း ဖြစ်ပြီး ပွဲအပြီး နောက်ရက်မှာ Redmi အနေနဲ့Helio G90T processor သုံးထားတဲ့ ဖုန်းတစ်မျိုး ထွက်လာမယ်လို့Weibo မှာ တင်ခဲ့ပါတယ်။



Photo: NDTV Gadgets

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြန့်ချိသွားမယ့် ဒီဖုန်းအကြောင်း မသိရသေးပေမယ့် ROG Phone II နဲ့Nubia Red Magic 3 တို့လို တန်ဖိုးကြီး ပရီမီယံ Gaming Phone တွေကို ဈေးကွက်အရ ယှဉ်ဖိုက်ဖို့ထွက်လာတယ်လို့ဆိုနိုင်ပါတယ်။ Redmi ဖုန်းသစ်မှာ သုံးမယ့် processor ဟာ Fortnite တို့PUBG တို့လို နောက်ဆုံးပေါ် ဂိမ်းတွေ ကစားနိုင်ဖို့ရည်ရွယ်ပြီး ထုတ်ထားတဲ့ chipset ပါ။

Helio G90 ရော G90T မှာပါ ဖုန်းအကြီးအကျယ် သုံးချိန်မှာ သွက်နေဖို့2.05GHz Cortex-A76 core ၂ ခု နဲ့Cortex-A55 core ၆ ခုတို့ကို သုံးထားပါတယ်။ GPU ပိုင်းမှာ 800MHz အထိ လုပ်ဆောင်နိုင်တဲ့ Mali-G76 နဲ့လာပြီး chipset စနစ်တစ်ခုလုံးကို 12nm FinFET process နဲ့တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Helio G90T ဟာ RAM 10GB အထိ ပံ့ပိုးပေးနိုင်ပြီး ဂိမ်းကစားစဉ်မှာ အထစ်အငေ့ါမရှိ ကစားနိုင်စေဖို့HyperEngine ဂိမ်းနည်းပညာ ထည့်သွင်းထားပါတယ်။ မတူတဲ့ band တွေပေါ်က WiFi လိုင်းနှစ်ခု ဆွဲနိုင်တာကြောင့် ဖုန်းဝင်လာရင်တောင် အင်တာနက်လိုင်း သုံးနိုင်မှာ ဖြစ်ပါတယ်။ MediaTek ဟာ HDR10 ရုပ်ထွက်ပံ့ပိုးမှု ရှိစေဖို့image quality engine တစ်ခုပါ သုံးထားတယ်လို့ဆိုပါတယ်။

Photo: soyacincau

ဒီ processorဟာကင်မရာပိုင်းမှာ 64MP ကင်မရာစနစ်တွေ နဲ့Night Shots ရိုက်ချက်တွေ ပံ့ပိုးနိုင်သလို AI နည်းပညာနဲ့မျက်နှာပြင် ဖတ်ရှုမှု နည်းစနစ်လည်း ပါဝင်လာပါတယ်။ Xiaomi ရဲ့ sub-brand တစ်ခုဖြစ်တဲ့ Redmi အနေနဲ့MediaTek G90T chipset သုံး ဂိမ်းဖုန်းထုတ်မယ်ဆိုရင်တော့ ဈေးသင့်တဲ့ Gaming Phone တစ်လုံးကို ဈေးကွက်မှာ ဝယ်ယူနိုင်တော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က