ပစ်ခတ်သူတွေက အနက်ရောင် ကားတစ်စီးဖြင့် ထွက်ပြေးသွားပါတယ်။

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူကိုးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသားက ပြောပါတယ်။

(Photo: Reuters)

ဖေဖေါ်ဝါရီ ၁၉ ရက် ဒေသစံတော်ချိန် ည ၁၀ ခန့်က ဖရန့်ဖတ်မြို့မှ ၁၂ မိုင်အကွာ Hanau မြို့ရှိ ရှီရှားဘားဆိုင်တွေမှာ ပစ်ခတ်မှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း ဂျာမန်မီဒီယာက ဖော်ပြပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာမှာ အနက်ရောင် ကားတစ်စီးဖြင့် ထွက်ပြေးသွားတဲ့ ပစ်ခတ်မှုကျူးလွန်သူတွေကို အထူးရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။



လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့က Hanau မြို့ရှိ လမ်းနှစ်လမ်းကို ပိတ်ထားခဲ့ပြီး အခင်းဖြစ်နေရာသို့ အရေးပေါ် လူနာတင်ကားများ အမြန်မောင်းနှင်သွားခဲ့ကြကာ ရဲတပ်ဖွဲ့ရဟတ်ယာဥ်တစ်စီးက မြို့ပေါ်မှာ ပျံဝဲနေခဲ့ကြောင်း CNA သတင်းက ပြောပါတယ်။
(Photo: Kai Pfaffenbach/Reuters)

ရဲတပ်ဖွဲ့က ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ပေးနိုင်ရန် အများပြည်သူဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တစ် ထုတ်ပြန်ထားကြောင်းလည်း သိရပါတယ်။ သေနတ်သမားကို အပြင်းအထန် လိုက်လံရှာဖွေခဲ့ပြီးနောက် နာရီအတန်ကြာ သေဆုံးလျက်သား တွေ့ရပါတယ်။ ယခုပစ်ခတ်မှုဟာ အခြား နိုင်ငံများမှ လာရောက်နေထိုင်သူတွေကို မုန်းတီးရေးလုပ်ရပ် ဖြစ်နိုင်ဖွယ်ရှိမှုအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

-


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က