social network ကို အကြမ်းဖက်မှုမှာ သုံးတာ ဒါပထမဆုံးမဟုတ်ပါဘူး။

ဂျာမဏီနိုင်ငံ အရှေ့ပိုင်း Halle မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဂျူးဘုရားကျောင်းအပြင်ဘက် ပစ်ခတ်မှုကို Amazon ရဲ့ Twitch ပလက်ဖောင်းပေါ် တိုက်ရိုက် Live တင်မှု ဖြစ်ပွားခဲ့ပါတယ်။

၃၅ မိနစ်ကျော် ကြာမြင့်ခဲ့တဲ့ ဒီ ပစ်ခတ်မှု Live လွှင့်မှုကို ကြည့်ရှုသူ ၂၂၀၀ ရှိခဲ့တယ်လို့New Youk Times သတင်းမှာ ဖော်ပြထားပါတယ်။ Halle မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ခေါင်းမှာ ကင်မရာတပ်ဆင်ပြီး Live-Stream လွှင့်သွားခဲ့တာပါ။

Photo: fortune

ယခုလုပ်ကြံမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ ရဲတပ်ဖွဲ့အာဏာပိုင်တွေဟာ သံသယရှိသူတစ်ဦး ဖမ်းဆီးမိပြီး ကျန် ၂ ဦးဟာ ကားနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့နောက်ပိုင်း Twitch ဘက်ကနေ တင်ထားတဲ့ tweets ထဲမှာ ဒီတိုက်ရိုက် Live streaming ပိုင်းကို ကြည့်သူ ၅ ဦးပဲ ရှိမယ်လို့ဆိုပါတယ်။


ဖြစ်စဉ်တစ်လျှောက်လုံးကို ကြည့်ရှုသူဦးရေဟာ မိနစ် ၃၀ အတွင်း လူ ၂၂၀၀ ခန့်ရှိခဲ့ပြီးနောက် ဒီဗွီဒီယိုကို Twitch ပလက်ဖောင်းပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ဒီပစ်ခတ်မှုကို တိုက်ရိုက်လွှင့်တင်တဲ့ အကောင့်ပိုင်ရှင်ဟာ ပြီးခဲ့တဲ့ ၂ လကမှ အကောင့်ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။

ယခုနှစ် မတ်လလယ်ကလည်း နယူးဇီလန်နိုင်ငံ Christchurch မှ ဗလီနှစ်ခုမှာ လူပေါင်း ၅၀ ကျော် ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်သမားဟာ သူ့ရဲ့ လုပ်ကြံမှုကို Facebook ပေါ် Live တင်မှု ဖြစ်ပွားခဲ့ပြီးနောက် ဝေဖန်သံ ဆူညံခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က