မနေ့ညက ပီအက်စ်ဂျီနဲ့ နယူးကာဆယ်တို့ပွဲမှာ အမ်ဘာပေတစ်ယောက် နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီတို့ တိုက်စစ်ဆင်လာရင်း ဒမ်ဘီလီနဲ့ နစ်ပုပ်တို့ တစ်ယောက်ချင်း ရင်ဆိုင်တွေ့ရာကတစ်ဆင့် ဘောလုံးက ဂိုးပေါက် ရှေ့ကို ပြန်လည်ထွက်လာခဲ့ပါတယ်။ လေထဲမြောက်နေတဲ့ ဒီဘောလုံးကို အမ်ဘာပေက နောက်ပြန်ကန်ချက်နဲ့ လှလှပပ အဆုံးသတ်ဖို့ လုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဂါနာချိုက နောက်ပြန်ကန်ချက်နဲ့အတူ အဲဗာတန်ဘက်ကို ဒီလိုမျိုး ဂိုးသွင်းယူခဲ့ပြီး မီဒီယာတွေကြားမှာ တော်တော်ရေပန်းစားခဲ့ပါသေးတယ်။ အခု အမ်ဘာပေကို ပရိသတ်တွေက “သူ့ကိုယ်သူ ရော်နယ်ဒို၊ ဂါနာချို ထင်နေတာပဲကွ” “ဒါမျိုးကို ဂါနာချိုပဲ လုပ်နိုင်တာ၊ အခု ဒီကန်ချက်က ဘယ်လောက်ခက်လဲ အမ်ဘာပေ သိသွားပြီ” အစရှိသဖြင့် လှောင်ပြောင်နေကြပါတယ်။