ဂါနာချိုကတော့ ဒီမနက်ပွဲမှာရော၊ ဒီတစ်ပတ်အတွက်ပါ စာရင်းမဝင်ခဲ့တာပါ။

အာဂျင်တီးနားနည်းပြ စကာလိုနီက ဒီတစ်ပတ် ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုကို မရွေးချယ်ဖြစ်ခဲ့တဲ့အပေါ် ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဂါနာချိုဟာ ယူနိုက်တက်မှာလည်း ရုန်းကန်နေရတာပါ။



ဒီရာသီမှာ ယူနိုက်တက် တိုက်စစ်ကစားသမားတွေဆီက ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းသာ မြင်တွေ့ရသေးပြီး အားလုံးနီးပါးက ပုံမှန်ခြေစွမ်းပျောက်ဆုံးနေကြပါတယ်။ အဲ့ဒါကြောင့်လည်း ဂါနာချိုတစ်ယောက် ဒီလိုမျိုး လက်ရွေးစင်မှာ အရွေးမခံရတာက ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
စကာလိုနီက “ကျွန်တော်တို့အနေနဲ့ ကစားသမားတစ်ယောက်တည်းက ပုံမှန်အရွေးခံနေရတာမျိုး ဒါမှမဟုတ် အမြဲတမ်း ချန်လှပ်ခံနေရတာမျိုး မဖြစ်ချင်ပါဘူး။ ကစားသမားတိုင်းက အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အရွေးခံချင်ပါတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ကိစ္စရပ်ပါ”
“အရွေးမခံရဘူးဆိုရင် သူ့ရဲ့ လက်ရှိပုံစံကြောင့်ပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒါကို ဆုံးဖြတ်ချက်ချရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။​ ဒါပေမယ့်လည်း ဂါနာချိုမှာ ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ရှိနေကြောင်း စကာလိုနီက ပြောခဲ့ပါသေးတယ်။
အာဂျင်တီးနားလက်ရွေးစင်နည်းပြကြီးက “ဂါနာချိုကို ပြန်လည်ရွေးချယ်ဖို့က လွယ်ကူတဲ့ကိစ္စရပ်ပါ။ ဒါပေမယ့်လည်း သူက နောက်ပိုင်းပွဲတွေမှာ ပွဲကစားချိန်သိပ်မရခဲ့တော့ ကျွန်တော်တို့ အခုလို ဆုံးဖြတ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ စောင့်ကြည့်နေဆဲဖြစ်ပြီး သူက အာဂျင်တီးနားမှာ ပြန်ပါလာမှာဖြစ်သလို ကြီးမားတဲ့အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က