ပွဲအပြီးမှာလည်း ဝေဖန်ခဲ့ပါသေးတယ်။

ယူနိုက်တက်တို့ ကိုပင်ဟေဂင်ကို ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂါနာချိုက ပြိုင်ဘက် ပင်နယ်တီမကန်ခင် နှောင့်ယှက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီလုပ်ရပ်က ကိုပင်ဟေဂင် ကစားသမားနှစ်ယောက်ကြောင့် မအောင်မြင်ခဲ့ပါဘူး။



ဂါနာချိုဟာ ပထမအကျော့ အိုးထရက်ဖို့ဒ်ကွင်းမှာ နောက်ဆုံးမိနစ် ပင်နယ်တီပေးခဲ့ရတုန်းက ကိုပင်ဟေဂင် ပင်နယ်တီမကန်ခင် ဘောလုံးတည်ရာ မြေကြီးကို ခြေထောက်နဲ့ နင်းကာ တစ်စုံတစ်ခု ပြုလုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ကိုပင်ဟေဂင်ရဲ့ ပင်နယ်တီကန်ချက်ကို အိုနာနာကလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့ဒီပင်နယ်တီကာကွယ်မှုကြောင့် ယူနိုက်တက်တို့ အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အခု ဒုတိယအကျော့ ဒိန်းမတ်မြေမှာပါ ဂါနာချိုက အလားတူ ထပ်မံပြုလုပ်ဖို့ ပြင်ဆင်လာခဲ့တာပါ။ ဒါပေမယ့်လည်း ဒီတစ်ကြိမ် ကိုပင်ဟေဂင် ပင်နယ်တီမကန်ခင် ဗာဗရိုနဲ့ ဒစ်တို့က ဂါနာချိုကို ပင်နယ်တီကန်မယ့်နေရာအနား မကပ်နိုင်အောင် တားဆီးခဲ့ပါတယ်။

ပွဲအပြီးမှာလည်း ဗာဗရိုက “ဂါနာချိုက ပင်နယ်တီကန်မယ့်နေရာကို အနှောင့်အယှက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားခဲ့တာကို ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် ကီဗင်ဒစ်က ဒါကို တားဆီးခဲ့ပါတယ်။ ဂါနာချို ဒါမျိုးလုပ်တာက ဒါနဲ့ဆိုရင် ဒုတိယအကြိမ်ပါ။ သူက လုံးဝကို ငတုံးတစ်ကောင်ပါပဲ”

“သူ ဒါမျိုးကို ထပ်လုပ်ဖို့ ကြိုးစားတယ်ဆိုတာက ကလေးဆန်တဲ့စိတ်ပဲ ရှိတယ်ဆိုတာကို ပြနေပါတယ်။ အခု ဒီလို အဝေးကွင်းပွဲမှာတောင်မှပေါ့။ ပထမအကြိမ်လုပ်တုန်းက (၉၇) မိနစ်မို့လို့၊ သူတို့ အိမ်ကွင်းမို့လို့ဆိုရင် ထားပါတော့။ အခုက ပထမပိုင်းပဲရှိသေးတာကို သူ ဒါမျိုး နှောင့်ယှက်ဖို့ ကြိုးစားတာကို နားမလည်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က