ပွဲအပြီးမှာ ချီးကျူးသွားခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အဲဗာတန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်က ပြိုင်ဘက်ပရိသတ်တွေတောင်မှ သဘောကျသွားမယ့် ဂိုးလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ပွဲစပြီး မကြာခင်မှာတင် ဒါလော့ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် ဂါနာချိုက နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးက ဒီရာသီ အလှပဆုံး သွင်းဂိုးတွေထဲမှာ သေချာပေါက် ပါဝင်လာမယ့် သွင်းဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ရပ်ရှ်ဖို့ဒ်ရဲ့ ပင်နယ်တီ၊ မာရှယ်လ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ယူနိုက်တက်တို့ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဘရူနိုဖာနန်ဒက်စ်က “ဂါနာချိုရဲ့ သွင်းဂိုးအတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့အပေါ် ကြီးမားတဲ့ မျှော်လင့်ချက်ရှိတာကို သူ သိပြီးသားပါ”

“သူ အခုထိ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားမဖြစ်သေးပေမယ့် ကြီးကျယ်ခမ်းနားတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ သူ့ဆီက အများကြီး မျှော်လင့်ထားတာပါ။ ကျွန်တော် သူ့ဘက်မှာ မားမားမတ်မတ် ရှိနေပြီး အရိုးသားဆုံးပြောရရင်လည်း အံ့အားသင့်ဖွယ် သွင်းဂိုးတစ်ဂိုးပါ။ ဒီလိုဂိုးမျိုးက ပြိုင်ဘက်ပရိသတ်တွေကို တိတ်ဆိတ်သွားစေပါတယ်”
“အဲဗာတန်ပရိသတ်တွေကတော့ ဒီဂိုးဝင်သွားလို့ ပျော်ရွှင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုသွင်းဂိုးမျိုးကို မြင်တွေ့ခွင့်ရလိုက်လို့ ကျေနပ်ကြပါလိမ့်မယ်။ ဒါက ဘောလုံးလောကအတွက် အံ့အားသင့်စရာ သွင်းဂိုးဖြစ်ပြီး ဂါနာချိုအတွက်လည်း ကျွန်တော်တို့အားလုံး ဂုဏ်ယူနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က