အာဆင်နယ်ဟာ ၉ ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်ထားတာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက လက်ရှိမှာ အာဆင်နယ်အသင်းအနေနဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ဧပြီလ ၉ ရက်နေ့ အန်းဖီးမှာ လီဗာပူးလ်ကို အနိုင်ယူနိုင်ရင် ရပြီလို့ ယုံကြည်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဂန်းနားတွေဟာ စနေနေ့က လိဒ်စ်ယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ၄-၁ နဲ့ အနိင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ဖို့ မာဆေးဆိုဒ်ကို သွားရောက်ရမှာဖြစ်ပြီး အာဆင်နယ်ဟာ ၉ ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်ထားတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းကတည်းက ထိပ်ဆုံး ၄ နေရာမဝင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ရယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက မြောက်လန်ဒန်ကလပ်အသင်းက ဆုဖလားရမှာမဟုတ်ဘဲ မန်စီးတီးကပဲ ချန်ပီယံဘွဲ့ကို ကာကွယ်သွားမယ်လို့ ထောက်ခံပြောဆိုခဲ့မှုကြောင့် ဂန်းနားပရိသတ်တွေရဲ့ အမျက်ဒေါသကို ခံခဲ့ရတာဖြစ်ပါတယ်။

 


ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂယ်ရီ နဗီးက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဆုဖလား မျှော်လင့်ချက်အပေါ် ရပ်တည်ချက် ပျော့ပျောင်းလာပုံပေါ်ပြီး ဂန်းနားတွေအနေနဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို အနိုင်ရခဲ့ရင် ဖလားရပြီလို့ ထင်မြင်မိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

“အခုက ၅၀-၅၀ ပဲ။ ကျွန်တော့်စိတ်က လွန်ခဲ့တဲ့ ၆ ပတ်၊ ၈ ပတ်လောက်တုန်းက မန်စီးတီးပဲ ဖလားရသွားမယ်လို့ သေချာနေခဲ့တာပါ။ အာဆင်နယ်က ရမှတ်တွေအများကြီး လျော့ကျပြီး အခုသူတို့ရှိနေတဲ့နေရာမှာ ရှိနေမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ အခုတော့ ၅၀-၅၀ ပဲလို့ ထင်တယ်။ လီဗာပူးလ်နဲ့ပွဲအပေါ်မှာ အရာအားလုံး ပုံထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နည်းပြကတော့ ဒီနှစ် အန်းဖီးမှာ မင်း အနိုင်ရခဲ့ရင် လိဂ်ဖလားကိုလည်း အနိုင်ရလိမ့်မယ်လို့ ပြောနေကျပါ။ မကြာခဏလည်း အဲဒီအတိုင်း ဖြစ်ခဲ့တာ သက်သေပါပဲ။ တကယ်လို့ အာဆင်နယ်သာ အန်းဖီးကိုသွားပြီး အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဖလားက ကျိန်းသေပေါက် သူတို့ဖလားပဲလို့ ကျွန်တော် ပြောမှာပါ။ အဲဒီကနေ ရလာမယ့် ယုံကြည်ချက်က မယုံနိင်စရာကောင်းပါတယ်။ အန်းဖီးက သွားဖို့ ကြောက်စရာကောင်းတဲ့ နေရာပါ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က