ဟာနီဘယ်လ်က ဒီပုံကို အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့တာပါ။

ယူနိုက်တက်လူငယ်ကြယ်ပွင့် ဟာနီဘယ်လ်ဟာ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ သေနတ်ကိုင်ဆောင်ထားတဲ့ပုံကို တင်ထားခဲ့ပြီး ဒီဓာတ်ပုံနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ဆူညံနေပါတယ်။ ဟာနီဘယ်လ်ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ယာယီနည်းပြ ရန်းနစ်ဂ်ရဲ့ အမြင်မကြည်လင်မှုကို ခံခဲ့ရပါသေးတယ်။



လီဗာပူးကို ဂိုးပြတ်ရှုံးနေတဲ့ပွဲမှာ ဟာနီဘယ်လ်က ကွင်းအတွင်း လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် ပြိုင်ဘက်အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ရည်ရွယ်ချက်ရှိရှိ လူချကစားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းပွဲတွေမှာ ရန်းနစ်ဂ်က ဟာနီဘယ်လ်ကို စည်းမဲ့ကမ်းမဲ့ ကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်အသင်းကို ပြန်လည်ပို့ဆောင်ထားခဲ့ပါတယ်။

အသက် (၁၉) နှစ်အရွယ် ဒီကစားသမားလေးဟာ လာမယ့်ရာသီမှာ ဂါနာချို၊ အယ်လ်ဗာရက်ဇ်တို့နဲ့အတူ တန်ဟက်ခ်ရဲ့အသင်းကြီးမှာ အခွင့်အရေးရမယ့် လူငယ်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် အခု နွေရာသီအားလပ်ရက်မှာလည်း ဟာနီဘယ်လ်က တန်ဟက်ခ် မျက်စိစပါးမွှေးစူးစရာဖြစ်ရပ်ကို ထပ်မံဖန်တီးခဲ့ပြန်တာပါ။

ဟာနီဘယ်လ်ဟာ သေနတ်ကိုကိုင်ဆောင်ထားရင်း ဆဲလ်ဖီရိုက်ကူးခဲ့တာဖြစ်ပြီး အဲ့ဒီပုံကို အင်စတာဂရမ်စတိုရီမှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပုံကို ဟာနီဘယ်လ်တယောက် လျင်လျင်မြန်မြန် ပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ ဟာနီဘယ်လ်ရဲ့ပုံကို Screenshot ရယူထားကြပါတယ်။ အင်စတာဂရမ်မှာလည်း ဟာနီဘယ်လ်က Follower အများအပြားကို ပိုင်ဆိုင်ထားသူပါ။

ဒီဖြစ်ရပ်အတွက် တန်ဟက်ခ်တယောက် စိတ်ပျက်နေဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ဟာနီဘယ်လ်အနေနဲ့ သူငယ်ချင်းတွေနဲ့အတူ သေနတ်ပစ်ကွင်းမှာ အပျော်တမ်းသေနတ်ပစ်နေဟန်ဖြစ်တာကြောင့် ပြဿနာတစုံတရာကြီးကြီးမားမား မရှိနိုင်ပါဘူး။ တန်ဟက်ခ်ဟာ လက်ရှိနွေရာသီအားလပ်ရက်မှာ ကစားသမားတွေရဲ့ တနေ့တာလုပ်ရပ်တွေကို အစီရင်ခံခိုင်းထားပြီး အသင်းနဲ့ပြန်လည်ပူးပေါင်းချိန်မှာ အကောင်းဆုံးကြံ့ခိုင်မှုပုံစံကို လိုချင်တယ်လို့လည်း ညွှန်ကြားထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က