အိမ်ကွင်းဂျာစီ Size အဆင်မပြေမှုများကြောင့် အခုလိုအခက်အခဲအချို့နဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံကစားသမားကော့တင်ဟိုအနေနဲ့ Adidas အိမ်ကွင်းဂျာစီဒီဇိုင်းကြောင့် Size မတော်တဲ့အခြေအနေကြောင့် အိမ်ကွင်းပွဲစဉ်များကစားရာတွင် အခက်အခဲအချို့ရှိနေခဲ့တယ်လို့ Bundesliga.c om ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဘွန်ဒက််စ်လီဂါပွဲစဉ် ၁၅အဖြစ် ဝုလ်ဖ်ဘတ်အသင်းကိုရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၃ဂိုးအထိရ ရှိခဲ့တဲ့ ကော့တင်ဟိုအနေနဲ့ ပွဲစဉ်အတွင်း ပုံစံတူဂျာစီ( ဒီဇိုင်းတူဂျာစီအတု) ကိုဝတ်ဆင်ခဲ့တယ်လို့ ဂျာမနီမီဒီယာ တွေက သတင်းဖော်ပြမှုတွေပြုလုပ်ခဲ့ပါသေးတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်းဂျာစီ size မှာ ကော့တင်ဟိုရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုနဲ့ အံကိုက်မရှိတဲ့အတွက် လူငယ်ပရိသတ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Fan Version ဂျာစီကိုသာ ဝတ်ဆင်ကစားနေရတာ ဖြစ်တယ်လို့လည်း အသင်းက သတင်းထုတ်ပြန်မှုအချို့ပြုလုပ်ခဲ့ရပါတယ်။
ဆက်စပ်သတင်းတွေအရ အရပ်အမြင့် ၅ပေ၆လက်မသာရှိတဲ့ ကော့တင်ဟိုအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်းဂျာစီကို ဝတ်ဆင်ကစားဖို့ လုံးဝမဖြစ်နိုင်တဲ့အတွက် လက်ရှိအချိန်အထိ အိမ်ကွင်းပွဲစဉ်တိုင်း Fan Ver sion ကိုသာ ဝတ်ဆင်နေရတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။
အစောပိုင်းကာလတွေမှာ ဘိုင်ယန်မြူးနစ်ပရိသတ်အချို့ကိုယ်တိုင် ကော့တင်ဟိုကို ချစ်စနိုးလှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဟက်ထရစ်သွင်းဂိုးရရှိခဲ့တဲ့ ဂျာစီအဖြစ်အမှတ်တရဝယ်ယူစုဆောင်းမှု မှုများပင်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။