အသင်းမှာ ခြေစွမ်းလည်းမပြနိုင်သလို စိတ်ပိုင်းဆိုင်ရာခံယူချက်ပါ နိမ့်ကျနေတဲ့ ကစားသမားကို ဇီဒန်းဘက်ကလည်း စိတ်ပျက်နေပြီး အခွင့်အရေးပေးခဲ့တဲ့အချိန်မှာ အရမယူနိုင်ခဲ့ဘူးလို့ ယူဆနေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းတိုက်စစ်ကစားသမားဂါရတ်ဘေးလ်ကို အခမဲ့ရောင်းထုတ်သွားဖို့အတွက် စဉ်းစားနေပြီလို့ သိရပါတယ်။ ကစားသမားရဲ့ ခြေစွမ်းမပြနိုင်မှု၊ ကြိုးစားအားထုတ်မှုနည်းပါးခြင်းနဲ့ လစာငွေမြင့်မားနေတဲ့ အချက်တွေအပေါ်မှာ အခြေခံကာ မက်ဒရစ်အခြေစိုက်ကလပ်အသင်းက စဉ်းစားလာခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဝေးလ်လက်ရွေးစင်ဟာ ၂၀၂၀ အတွင်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၃ပွဲသာ ကစားပေးထားခဲ့ရသူဖြစ်ပါတယ်။ ဘေးလ်အနေနဲ့လည်း အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ ခက်ခဲနေတဲ့အပေါ် စိတ်ပျက်နေပြီး အငြင်းပွားဖွယ်ရာလုပ်ရပ်နဲ့ ပြောဆိုမှုတွေကို ဖန်တီးခဲ့ကာ အသင်းနဲ့သူ့ရဲ့ကြားမှာ ဆက်ဆံရေးအေးစက်နေခဲ့ပါတယ်။
ဘေးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ စာချုပ်သက်တမ်း ၂ နှစ်အထိကျန်ရှိနေသေးပေမယ့်လည်း ကလပ်အသင်းဘက်က စာချုပ်ဖျက်သိမ်းဖို့ကို ရွေးချယ်ချင်နေပြီလို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ဘေးလ်ဟာ ဒီရာသီအစမှာလည်း တရုတ်စူပါလိဂ်ကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။
ဘေးလ်အနေနဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၅.၄သန်းအထိ ရရှနေတယ်လို့ သိရပြီး အဆိုပါငွေပမာဏကလည်း ရီးရဲလ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ အသင်းမှာ ခြေစွမ်းလည်းမပြနိုင်သလို စိတ်ပိုင်းဆိုင်ရာခံယူချက်ပါ နိမ့်ကျနေတဲ့ ကစားသမားကို ဇီဒန်းဘက်ကလည်း စိတ်ပျက်နေပြီး အခွင့်အရေးပေးခဲ့တဲ့အချိန်မှာ အရမယူနိုင်ခဲ့ဘူးလို့ ယူဆနေပါတယ်။
ကစားသမားရဲ့အေးဂျင့်ဂျိုနသန်ဘားနတ်ကတော့ သူ့ကစားသမားဟာ စပိန်မှာပျော်ရွှင်နေပြီး အသင်းကထွက်ခွာချင်စိတ်မရှိဘူးလို့ ငြင်းဆိုထားခြ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ဘေးလ်ရဲ့ မြင့်မားတဲ့လစာငွေကို ကာလရှည်ပေးချေသွားဖို့ ဆန္ဒမရှိတာ ရှင်းလင်းနေပြီး လမ်းခွဲဖို့အတွက်ကို ရွေးချယ်လာဖွယ်ရာရှိနေပြီဖြစ်ပါတယ်။