ကစားသမားသစ်တွေနဲ့ အသင်းရဲ့ အခြေခံစံနှုန်းကို မြှင့်တင်ဖို့အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ဟာ ယခုလာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်စီနီယာအသင်းက ကစားသမား ၁၅ ဦးအထိ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီလို့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ညမှာ ဆီဗီလာအသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂ ကျော့ပေါင်း ၅-၂ နဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်အဆင့်က ပြုတ်ခဲ့တာဖြစ်ပြီး ဒဟေးယားနဲ့ မက်ဂွိုင်းယားတို့ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်က ရှုံးနိမ့်မှုအတွက် အဓိကတရားခံဖြစ်ခဲ့တာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ အဲရစ် တန်ဟက်ဟာ ယခုနွေရာသီမှာ အသင်းလူစာရင်းကို သွေးသစ်လောင်းဖို့အတွက် စီစဉ်နေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဂျေဒန် ဆန်ချို၊ အန်သိုနီ မာစီယယ်လ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ မက်တော်မီနေး၊ ဖရက်ဒ်တို့လို ကစားသမားတွေ အပါအဝင် စီနီယာကစားသမား ၁၅ ဦးအထိ ရှင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ဒတ်ချ်လူမျိုးနည်းပြဟာ ဒီကစားသမားတွေကို ရောင်းချလို့ ရလာတဲ့ ငွေကြေးတွေကို ကစားသမားသစ်တွေနဲ့ အသင်းရဲ့ အခြေခံစံနှုန်းကို မြှင့်တင်ဖို့အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

မန်ချက်စတာယူနိုက်တက်ရဲ့ ဆီဗီလာကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့မှုက တန်ဟက်ရဲ့ လူစာရင်းအပေါ် အကဲဖြတ်မှုကို အာရုံစိုက်ဖို့ ဖြစ်လာခဲ့တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အခြားကစားသမားတွေဖြစ်တဲ့ ဗန်ဒီ ဘိခ်၊ အီလန်ဂါ၊ ဒင်း ဟန်ဒါဆန်၊ ဘရန်ဒန် ဝီလီယံစ်တို့ကလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားမယ်လို့ ယူဆရပါတယ်။

 

အငှားထွက်ကစားနေတဲ့ အဲလက်စ် တဲလက်စ်၊ ဟန်နီဘယ်လ် မက်ဘရီ၊ ဘိုင်လီတို့ကလည်း ကျိန်းသေပေါက် အသင်းကို စွန့်ခွာမှာဖြစ်ပြီး ဖီးလ် ဂျုံးစ်နဲ့ တွမ်ဇီဘီတို့ကတော့ ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က