မက်ဂွိုင်းယားကို နောက်တကြိမ်ထိုးနှက်ခဲ့တာပါ။

မန်စီးတီးနဲ့ပွဲမှာ ကွင်းအတွင်းလမ်းလျှောက်နေခဲ့တဲ့ မက်ဆီကို မရှက်ဘူးလားလို့ မေးခွန်းထုတ်ခဲ့တဲ့ ဗန်ဒါဗတ်က ယူနိုက်တက်နောက်ခံလူမက်ဂွိုင်းယားကိုလည်း ထပ်မံထိုးနှက်မှုတွေပြုလုပ်ခဲ့ပါတယ်။


ဘောလုံးဝေဖန်သုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ နာမည်ကျော်ဟော်လန်ကစားသမားဟောင်း ဗန်ဒါဗတ်ကတော့ အခုတလောမှာ ကစားသမားတွေအပေါ် အပြစ်တင်ပြောဆိုမှုတွေ မကြာခဏပြုလုပ်နေပါတယ်။ မန်စီးတီးနဲ့ပွဲမှာ ကွင်းအတွင်းလမ်းလျှောက်နေခဲ့တဲ့ မက်ဆီကို မရှက်ဘူးလားလို့ မေးခွန်းထုတ်ခဲ့တဲ့ ဗန်ဒါဗတ်က ယူနိုက်တက်နောက်ခံလူမက်ဂွိုင်းယားကိုလည်း ထပ်မံထိုးနှက်မှုတွေပြုလုပ်ခဲ့ပါတယ်။



ဗန်ဒါဗတ်ရဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ကို ပြောဆိုမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်လာခဲ့ပါတယ်။ ပထမတစ်ကြိမ်တုန်းက ဗန်ဒါဗတ်က "မက်ဂွိုင်းယားက အိမ်ပြန်ရောက်တိုင်း သူ့မိန်းကို ဒီလိုပြောမယ်လို့ ကျွန်တော်ကတော့ ထင်တယ်၊ မိန်းမရေ၊ ငါက အသုံးမကျပေမယ့် ပိုက်ဆံတော့အများကြီးရနေတယ်ကွ၊ ငါ ခြေစွမ်းကောင်းတယ်လို့ သူတို့တကယ်ယုံကြည်နေတာဆိုပြိး သူ ပြောနေမှာပဲ" လို့ ပြောခဲ့ဖူးပါတယ်။ 

အခုတခါမှာလည်း လတ်တလောဝေဖန်ခံနေရပြီး အသင်းခံစစ်ကို ဦးဆောင်မှုမပေးနိုင်တဲ့ မက်ဂွိုင်းယားကို ဗန်ဒါဗတ်က ထပ်မံပြောဆိုမှုတွေလုပ်ခဲ့ပါတယ်။ ဗီလာရီးရဲလ်ကို ၂-၀ နဲ့ ယူနိုက်တက်က အဝေးကွင်းမှာအနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အင်္ဂလန်နောက်ခံလူရဲ့ ခြေစွမ်းအပေါ်မှာ သူ ဘယ်လိုမှ အထင်ကြိးမှုမရှိဘူးဆိုတာက အထင်အရှားဖြစ်နေဆဲပါ။ 


အသက် ၃၈ နှစ်အရွယ် ကစားသမားဟောင်းက "မက်ဂွိုင်းယားအကြောင်း ကျွန်တော်အများကြီးပြောဖူးတော့ ရှောင်ဖို့ကြိုးစားနေရတယ်၊ ဒါပေမယ့် သူက တကယ်ကိုအသုံးမကျတာပါဗျာ၊ ဒါကို ခဏခဏကျွန်တော်ပြောခဲ့ပါတယ်၊ သူ့ကို ယူရိုသန်း ၉၀ အထိ ယူနိုက်တက်က ဘာလို့ပေးခဲ့လဲဆိုတဲ့ အချက်အလက်ကို ကျွန်တော်ရှာမတွေ့ဘူး၊ တော်တော်များတဲ့ပမာဏပါ၊ ဘာကိုကြည့်ပြီးပေးခဲ့တာလဲ၊ သူ့လိုကစားသမားမျိုးကို ဟော်လန်အပျော်တမ်းကလပ်တွေမှာတောင် ရှာလို့ရတယ်ဗျာ" လို့ Ziggo Sport ကတဆင့် ပြောဆိုခဲ့ပါတယ်။ 


"သူက ထိပ်တန်းအဆင့်ကစားသမားလည်းမဟုတ်ဘူး၊ အပတ်တိုင်းမှာ သရုပ်ပြကစားနေတာဗျ" လို့လည်း ဗန်ဒါဗတ်က ထပ်မံပြောဆိုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က