ဂါရတ်ဘေးလ်က အသင်းသစ်ကို ရွေးချယ်နေရတာပါ။

အာဆင်နယ်ကွင်းလယ်လူဟောင်း ဝဲလ်ရှိုင်းယားက ဝေးလ်စ်လက်ရွေးစင် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က အာဆင်နယ်ကို ရောက်လာရင်တောင် ပွဲကစားခွင့်ရမှာ မဟုတ်ဘူးလို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံစဥ်းစားနေပါတယ်။



ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်က စပါး၊ ဆောက်သမ်တန်၊ အက်စတွန်ဗီလာတို့က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဂါရတ်ဘေးလ်ကတော့ ကာဒစ်ဖ်ကို ရောက်ရှိဖို့ နီးစပ်နေပါတယ်။ ဂါရတ်ဘေးလ်အတွက် ကမ်းလှမ်းမှုအမြောက်အမြားရရှိထားတာကိုလည်း ကာယကံရှင်နဲ့ အေးဂျင့်တို့က ဖွင့်ဟထားပါတယ်။

ဝဲလ်ရှိုင်းယားက “ကျနော်သာဆိုရင် ဂါရတ်ဘေးလ်ကို အာဆင်နယ်ခေါ်မလားဆို မခေါ်ပါဘူး။ သူ နောက်ဆုံးကစားထားတဲ့ နေရာတွေအတွက် ပြန်ကြည့်ရမှာပါ။ အခု အာဆင်နယ်မှာ အဲ့ဒီနေရာတွေအတွက် လူငယ်ကစားသမားတွေ ရှိပါတယ်”

“အဲ့ဒီတော့ ဂါရတ်ဘေးလ် အာဆင်နယ်ကို ပြောင်းလာချင်ရင်တောင် တယောက်ယောက်ရဲ့ အရံပဲဖြစ်မှာပါ။ နယူးကာဆယ်က သူ့အတွက် သင့်တော်ပါတယ်။ တကယ်လို့ သူက မန်စီးတီးနဲ့လီဗာပူးမှာဆိုရင် အရံခုံကနေတောင် တခုခုအကျိုးရှိစေမှာပါ။ ယူနိုက်တက်က ဂါရတ်ဘေးလ်ကိုခေါ်သင့်ပါတယ်။ ဂါရတ်ဘေးလ်က ရပ်တည်ချက်ကောင်းတဲ့ ကစားသမားပါ။ သူယူနိုက်တက်ကိုဆို အေးဆေးလမ်းလျှောက်လာလို့ရတယ်” လို့ ပြောကြားလိုက်ပါတယ်။

ဂါရတ်ဘေးလ်ဟာ ပြီးခဲ့တဲ့တရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဂါရတ်ဘေးလ်ရဲ့ နောက်ကျော ဒဏ်ရာ ဒုက္ခပေးမှုကြောင့် အသင်းရဲ့လာလီဂါချန်ပီယံဆုဖလားနဲ့ အောင်ပွဲခံအခမ်းအနားမှာတောင် မပါဝင်နိုင်ခဲ့ပါဘူး။ ဂါရတ်ဘေးလ်ဟာ ကမ္ဘာ့ဖလားအတွက် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတသင်းကိုသာ သေချာရွေးချယ်ပြီး ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပါတယ်။ 

Share

Loading Next Article...
က္က