အရှေ့မြောက်ခြေစမ်းပွဲ ခရီးစဉ်မှာ ပါဝင်နိုင်ခဲ့တာပါ။

ရော်နယ်ဒိုက ဂျူဗင်တပ်အသင်းရဲ့ အရှေ့မြောက် ခြေစမ်းခရီးစဉ်ကို လိုက်ပါခဲ့ခြင်း မရှိတာကြောင့် ရမ်ဆေးအ နေနဲ့ ရော်နယ်ဒိုနဲ့တော့ တွဲဖက် ကစားနိုင်ခြင်း မရှိသေးပါဘူး။

အာဆင်နယ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုုင်တဲ့ ဝေးလ်လက်ရွေးစင် ကွင်းလယ်လူ ရမ်ဆေးကတော့ ပြီးခဲ့တဲ့ ထရစ္စတီနာအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာအသင်းအတွက် ပထမဆုံး ပွဲထွက် ပါ ဝင်ကစားနိုင်ခဲ့ပါတယ်။



ဂျူဗင်တပ်အသင်းနဲ့အတူ ပထမဆုံး ပွဲထွက် ပါဝင်ကစားပေးနိုင်ခဲ့တဲ့ အာရွန်ရမ်ဆေးကတော့ ဒီအချိန်က ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်ပါပဲလို့ ပြောခဲ့တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာ ပါတယ်။

“ အကျော်ကြားဆုံး ဝတ်စုံကို ဝတ်ဆင်ကစားခွင့်ရတဲ့ ပထမဆုံးပွဲက ကျွန်တော့်ဘဝအတွက် ဂုဏ်ယူစရာ အကောင်းဆုံး အခိုက်အတန့်ပါပဲ၊ ကျွန်တော် ကွင်းထဲမကစားထားနိုင်တာ သိပါတယ်၊ အခုတော့ ကြံ့ခိုင်ရေး ကောင်းနေပါပြီ၊ နောက်ထပ် ပွဲအနည်းငယ်လောက်ထပ်ကစားပြီးရင် အရင်လို ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်သွားမှာပါ။” လို့ ရမ်ဆေးက ပြောခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဝေးလ်လက်ရွေးစင်ကို ဂျူဗင်တပ်အသင်းက တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ ပေးဆော င် နေရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာတော့အသင်းအတွက် ပထမဆုံး စတင်ကစားပေးခြင်းကို မိနစ် ၇၀ မှာလူစားဝင် ကစားခဲ့တာပါ။

ဂျူဗင်တပ်အသင်းကတော့ စီးရီးအေ ချန်ပီယံဆုကို ၈ နှစ်ဆက် ရရှိခဲ့ပြီး ဒီနှစ်မှာတော့ ပထမဆုံး ပွဲမှာ သြဂုတ်လ ၂၄ ရက်နေ့မှာ ပါးမားအသင်းနဲ့စတင်ကစားရပါမယ်။

ရမ်ဆေး ပါဝင်ကစားခဲ့တဲ့ ဒီခြေစမ်းပွဲမှာ ရော်နယ်ဒိုကတော့ လိုက်ပါ ကစားခဲ့ခြင်း မရှိတာကြောင့် ရမ်ဆေးအနေနဲ့ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားနိုင်ခြင်းတော့ မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က