ရော်နယ်ဒို ရီးရဲကနေ ဂျူဗင်တပ်ကို မရောက်ခင်ကတည်းက ဂျူဗင်တပ်ကို ရောက်တော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့တဲ့ သတင်းရင်းမြစ်ကနေ သိရှိခဲ့ရတာဖြစ်တယ်လို့ Daily Mail က ဖော်ပြထားပါတယ်။
မန်စီးတီးအသင်းရဲ့ နည်းပြ ဂါွဒိယိုလာကတော့ လာမယ့်နွေရာသီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး လေးနှစ်စာချုပ်ချုပ်ဆိုဖို့ အသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားပြီလို့ Daily Mail က ဖော်ပြပါတယ်။
ဂျူဗင်တပ်ရဲ့ လက်ရှိနည်းပြ အယ်လီဂရီနီနဲ့က ၂၀၂၀ အထိ သက်တမ်း ရှိပေမယ့် လာမယ့်နွေရာသီမှာ ဂါွဒီယိုလာနဲ့ အစားထိုးမှာလို့လည်း ဆိုပါတယ်။ ဒီသတင်းက အီတလီသတင်းရပ်ဝန်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အီတလီ သတင်းထောက် လူအီဂီထံကနေတဆင့် ရရှိလာတာလို့ Daily Mail က ဆိုပါတယ်။
အဆိုပါ အီတလီ သတင်းထောက်ကလည်း သူရရှိလာတဲ့သတင်းဟာ ယခင် ရီးရဲကနေ ဂျူဗင်တပ်ကို ရော်နယ်ဒိုပြောင်းမယ်လို့ သိရခဲ့စဉ်က ရရှိခဲ့တဲ့ သတင်းရင်းမြစ်ကနေ ထပ်မံ ရရှိခဲ့တာလို့လည်း အခိုင်အမာ ပြောထားတယ်လို့ သိရပါတယ်။
“ဂါွဒီယိုလာအကြောင်း အများကြီး လေ့လားထားပြီးမှ အခုသတင်းက သူတို့ကြား နှုတ်နဲ့ ကတိပြုနိုင်ခဲ့ပြီဆိုတာ ကျွန်တော်သိရတာပါ။ နောက်ပြီး အခု ကျွန်တော့်ကိုပေးတဲ့ သတင်းရင်းမြစ်က အရင် ရော်နယ်ဒို ရီးရဲကနေ ဂျူဗင်ကိုပြောင်းမယ်ဆိုပြီး သတင်းပေးခဲ့တဲ့ သတင်းရင်းမြစ်ပါပဲ” လို့ အဆိုပါ အီတလီသတင်းထောက် လူအီဂီက Daily Mail ကို ပြောပါတယ်။
ဂါွဒီယိုလာနဲ့ မန်စီးတီးက ၂၀၂၀-၂၁ ဘောလုံးရာသီအထိ စာချုပ်သက်တမ်း ရှိပြီး ဂါွဒီယိုလာဟာ နည်းပြသက်တမ်းတစ်လျှောက် စပိန်၊ ဂျာမနီနဲ့ လက်ရှိ ပရီးမီးယားလိဂ်တို့မှာ အမှတ်ပေးချန်ပီယံဆုတွေ ရရှိထားသူပါ။
လက်ရှိ ဂျူဗင်တပ်အသင်းကတော့ အမှတ်ပေးဆုဖလားကို ၈ ကြိမ်ဆက်ရရှိမယ့် လမ်းကြောင်းပေါ်ကို ရောက်နေပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ပါတယ်။