ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်တော့မှာပါ။

ကာဗာနီရဲ့ အေးဂျင့်ဖြစ်သူက ဂျူဗင်တပ်စ်ကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး သူ့ကစားသမားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီဟာ ဂျူဗင်တပ်စ်အသင်းကို အလွတ်ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ကာဗာနီအနေနဲ့ ဂျူဗီကို ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် ဟီဂူအင်၊ ရော်နယ်ဒို၊ ဒီဘာလာတို့နဲ့ တွဲဖက်ကစားရမှာဖြစ်ပြီး ကြယ်စင်စုတိုက်စစ်အစုအဖွဲ့ကို ဖန်တီးနိုင်မှာလည်း ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ကာဗာနီနဲ့ပီအက်စ်ဂျီတို့ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီဖြစ်ပြီး ကာဗာနီနဲ့အတူ နောက်ခံလူသီယာဂိုဆေးလ်ဗားလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။ ကာဗာနီရဲ့ အေးဂျင့်ဖြစ်သူက ဂျူဗင်တပ်စ်ကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပြီး သူ့ကစားသမားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

အသက် ၃၂နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နာပိုလီကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၈၃ ပွဲအထိ ကစားပေးခဲ့ပြီး ၁၉၅ ဂိုးအထိ ကာဗာနီက သွင်းယူပေးခဲ့ပါတယ်။ အသင်းနဲ့အတူ အမှတ်ပေးဖလားငါးလုံးနဲ့ လိဂ်ဖလားလေးလုံးဆွတ်ခူးနိုင်ခဲ့ပါတ်ယ။

ပီအက်စ်ဂျီအနေနဲ့ အင်တာမီလန်တိုက်စစ်မှူးအီကာဒီကို အငှားနဲ့ခေါ်ယူထားခဲ့သလို ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။ တစ်ဖက်မှာလည်း ဂျူဗီတိုက်စစ်မှူးမန်ဇူကစ်က ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖွယ်ရှိနေပြီး ကာဗာနီကို ဂျူဗီက ပြန်လည်အစားထိုးနိုင်ချေရှိနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း Daily Mail က ခန့်မှန်းဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က