အာဆင်နယ်ခံစစ်ပိုင်းပေါ့ဆမှုကြောင့်ချဲလ်ဆီးတို့ နိုင်ပွဲရရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ပွဲချိန်နောက်ပိုင်းသွင်းဂိုးတွေရရှိခဲ့လို့သာ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ အနိုင် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ရှာခါမပါဝင်နိုင်တဲ့ အာဆင်နယ်ကွင်းလယ်ကို တော်ရဲရားလ်၊ ဂွမ်ဒူဇီတို့ ဦးဆောင်ခဲ့ပြီး အိုဇေးလ်၊ အူဘာမီယန်၊ လာကာဇက်တို့နဲ့အတူ အာဆင်နယ်တို့ လူစုံခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ဆောက်သမ်တန်အသင်းကိုအရေးနိမ့် ခဲ့တဲ့ပွဲစဉ်ကလူစာရင်းကိုအနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ပြီးမေဆန်မောင့်ပါဝင်လာခဲ့သလိုပွဲပယ်ပြစ်ဒဏ် စေ့ခဲ့ပြီဖြစ်တဲ့ ကိုဘာဆစ်တို့ကို အသုံးပြုခဲ့ပါတယ်။

ပွဲစစချင်းမှာတင် နှစ်သင်းလုံးကြံ့ခိုင်မှုအသားပေးကစားခဲ့ပြီး တိုက်စစ်ကို အလွန်အကျွံကစားခဲ့တဲ့အတွက်နှစ်ဖ က်ဂိုးသမားတွေနဲ့ ခံစစ်သမားတွေအလုပ်ရှု့ပ်ခဲ့ပါတယ်။ အာဆင်နယ်လူငယ်တောင်ပံကစားသမားနယ်လ်ဆန်ရဲ့ ဖိအားပေးမှုကို ချဲလ်ဆီးနောက်တန်း ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး ၀ါရင့်တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အူဘာမီယန်၊ လာ ကာဇက်တို့ကိုလည်း နည်းစနစ်ပိုင်းအရ ထိန်းချုပ်ကစားခဲ့ရပါတယ်။



တရစပ်တိုက်စစ်ဆင်နေတဲ့ အာဆင်နယ်တို့ ပွဲချိန် ၁၃မိနစ်မှာတင် ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး အူဘာမီယန်က ခေါ င်းတိုက်သွင်းယူခဲ့တာပါ။ ကွင်းလယ်ကစားသမား ကိုဘာဆစ်ရဲ့ အားနည်းချက်၊ နောက်ခံလူအီမာဆန်ရဲ့ပေါ့ေ လျာ့မှုတွေကြောင့် အူဘာမီယန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့ပြီး အခုလိုဦးဆောင်ဂိုးစောစောစီးစီးရ ရှိခဲ့တာပါ။

နောက်ပိုင်းပွဲချိန်မှာတော့ ချဲလ်ဆီးအသင်းရဲ့ကစားပုံက လုံးဝတည်မရခဲ့ဘဲ အာဆင်နယ်ရဲ့ ကွင်းလယ်ကစားက စားကွက်အသာစီးရယူမှုအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ အမှားများနေခဲ့တဲ့အပြင် ပုံမှန်ခြေစွမ်းအောက်ကျဆင်း နေခဲ့တဲ့ နောက်ခံလူအီမာဆန်ကို လူစားလဲခဲ့ရတဲ့အထိ အာဆင်နယ်အသင်းရဲ့ တိုက်စစ်က ချဲလ်ဆီးကိုအကော င်းဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်က ပွဲချိန်တော်တော်များများကို ဦးဆောင်ခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ တော င်ပံတိုက်စစ်တွေကိုပဲ အားပြုခဲ့ရပါတယ်။ ဂျော်ဂျင်ဟို ဝင်လာခဲ့ပြီးတဲ့နောက် ချဲလ်ဆီးကွင်းလယ်ပိုင်း အနည်းင ယ် ပြန်တည်ငြိမ်လာခဲ့ပြီး အခွင့်အရေးအချို့ပြန်ရလာခဲ့ပါတယ်။ ကိုဘာဆစ်၊ ကန်တီ၊ မေဆန်မောင့်၊ ဂျော်ဂျင် ဟိုအတွဲကြောင့် အိုဇေးလ်ဦးဆောင်တဲ့ အာဆင်နယ်ကွင်းလယ် ထင်သလောက်အလုပ်မဖြစ်တော့ပါဘူး။

ပွဲချိန် ရဝနောက်ပိုင်းမှာလည်း ချဲလ်ဆီးတိုက်စစ်က ဝီလျံ၊ မေဆန်မောင့်၊ အေဘရာဟင်တို့ အခွင့်အရေးကိုယ်စီ ရခဲ့ပေမယ့် လွဲချော်ခဲ့တဲ့အတွက် အာဆင်နယ်တို့သက်သာရာရခဲ့ပြန်ပါတယ်။ အလားတူ အာဆင်နယ်အသင်းရဲ့ လူစားဝင်လူငယ်ကစားသမားဝီလ်လော့ခ်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးဧရိယာ ၁၈ကိုက်စည်းအတွင်း ဂိုးရနိုင် တဲ့ အနီးဆုံးအခြေအနေကို ရရှိခဲ့ပေမယ့် လွဲချော်ခဲ့ပါသေးတယ်။

ကစားကွက်ပိုင်းရော၊ စုဖွဲ့မှုပိုင်းအသာရနေခဲ့တဲ့ အာဆင်နယ်အနေနဲ့ နောက်ပိုင်းပွဲချိန်မှာတော့ ဘောလုံးပိုင်ဆိုင် မှုအသာစီးရဖို့အတွက်ပဲ အားစိုက်ခဲ့တဲ့အတွက် ချဲလ်ဆီးတို့ အခွင့်အရေးအချို့ပြန်ရလာခဲ့ပါတယ်။ ပွဲချိန် ၈၃မိန စ်မှာတော့ ချဲလ်ဆီးရဲ့ အလွတ်တည်ကန်ဘောကို အာဆင်နယ်ဂိုးသမားလီနို ရှင်းထုတ်ပုံမသေသပ်တာကို ဂျော် ဂျင်ဟိုက ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပြီး ချဲလ်ဆီးအတွက် ချေပဂိုးအဖြစ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို တိုက်စစ်ကို ပိုပြီးပုံဖော်လာနိုင်တဲ့ ချဲလ်ဆီးတို့ ပွဲချိန် ၈ရမိနစ်မှာ တန်ပြန်တိုက်စစ်ကနေတ ဆင့် ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်ကို ချဲလ်ဆီးနောက်တန်းဖျက်ထုတ်ရာကနေ ဝီလျံ၊ အေဘရာဟင်တွဲလုံးကနေ တဆင့် အေဘရာဟင်က အာဆင်နယ်ဝါရင့်နောက်ခံလူတွေဖြစ်တဲ့ လူးဝစ်ဇ်၊ မူစ တာဖီတို့ ဖျက်ထုတ်နေတဲ့ကြားကနေ အသေသပ်ဆုံးအဆုံးသပ်သွားခဲ့တာပါ။

နောက်ပိုင်းပွဲချိန်တွေမှာတော့ နှစ်ဂိုးဆက်တိုက်ပေးလိုက်ရတဲ့ အာဆင်နယ်တို့ လက်ကျန်ပွဲချိန်တွေကို ခက်ခက် ခဲခဲကစားခဲ့ရပြီး ချေပဂိုးရဖို့အတွက် ပိုပြီးရုန်းကန်ခဲ့ရပါတယ်။ နာကျင်အချိန်ပို ရမိနစ်အထိသတ်မှတ်ပေးခဲ့လို့နှစ် သင်းလုံးအတွက် စိတ်လှုပ်ရှားစရာအခြေအနေဖြစ်ခဲ့ပြီး အာဆင်နယ်တိုက်စစ်အခွင့်အရေးလွဲချော်မှုတွေရှိခဲ့သ လို ချဲလ်ဆီးနောက်တန်းကလည်း အမှားမရှိခဲ့တဲ့အတွက် ပွဲအပြီး အာဆင်နယ်တို့ ၄ပွဲမြောက်အိမ်ကွင်းရှုံးပွဲနဲ့ရင် ဆိုင်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က