𝗧𝗛𝗘 𝗚𝗘𝗙𝗢𝗥𝗖𝗘 𝗥𝗧𝗫 𝟰𝟬 𝗦𝗘𝗥𝗜𝗘𝗦 (Desktop)
Codename: Ada Lovelace အမည်ရ GeForce RTX 40 Series ကို Nvidia ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ Ada GPU အတွက် ပါဝင်ထားတဲ့ Feature ကိုသာ Highlight ဖော်ပြသွားမှာပါ
𝗡𝗘𝗪 𝗙𝗘𝗔𝗧𝗨𝗥𝗘𝗦
GeForce RTX 40 Series တွက် ပါဝင်ထားတဲ့ Features အသစ်တွေက
*3rd Generation RT Cores
*4th Generation Tensor Cores
*8th Generation AV1 Encoder
*OFA DLSS 3
*8th Generation AV1 Encoding တွေပဲ ဖြစ်ပါတယ်။
𝗡𝗘𝗪 𝗔𝗥𝗖𝗛𝗜𝗧𝗘𝗖𝗧𝗨𝗥𝗘
Ada chip အသစ်ကို 4nm Process နဲ့ ထုတ်လုပ်ထားပြီး Architecture ဒီဇိုင်းအသစ်မှာ Optical Flow Accelerators (OFA) သုံးထားတယ်လို့ သိရပါတယ်။ အဆိုပါ နည်းပညာဟာ 40 Series မှာ ပါဝင်တဲ့ Unique Feature ဖြစ်သလို AI Rendering ကို အသုံးပြုပြီး Frame Rates တွေကို အပိုထပ်ဆောင်းပေးတဲ့ လုပ်ဆောင်ချက်ကို ပေးစွမ်းထားတာပါ။
𝗥𝗧𝗫 𝗥𝗘𝗠𝗜𝗫
ဒါနဲ့အတူ တွဲဖက်ထားတာ DLSS 3 နဲ့ Ray Tracing လုပ်ဆောင်ချက် အသစ်တွေပါ။ RTX Remix ကို ဂိမ်းဟောင်းတချို့မှာ Ray Trace Mod အနေနဲ့ သုံးနိုင်ပြီး User အနေနဲ့ Real Time Customize လုပ်နိုင်တဲ့ အားသာချက်က အဆိုပါ နည်းပညာဟာ DirectX ကို အခြေခံထားပြီး Render Setting ကို နှစ်သက်သလို Adjust လုပ်နိုင်တာပါ။ ဒါကြောင့် Old School ဂိမ်မာတချို့ ၎င်းတို့နှစ်သက်တဲ့ Title တွေမှာ RT Effect ကို သုံးလာနိုင်မယ်လို့ မျော်လင့်ရပါတယ်။
𝗢𝗠𝗡𝗜𝗩𝗘𝗥𝗦𝗘 𝗥𝗧𝗫 𝗥𝗔𝗖𝗘𝗥
ဒါ့အပြင် RTX Racer အမည်ရ Tech Demo Application ကို လာမယ့်နှစ်အတွင်း မိတ်ဆက်လာနိုင်ပြီး Ray Tracing နည်းပညာရဲ့ အားသာချက်ချက်တွေကို အခမဲ့ အသုံးပြုလာနိုင်မယ်လို့ Nvidia ဆိုထားပါတယ်။
𝗗𝗟𝗦𝗦 𝟯
DLSS 3 ကို Super Sampling တွက် RT Cores ၊Tensor Cores တွေနဲ့ အားဖြည့်ထားသလို RTX ဖွင့်ကစားတဲ့အခါ ပါဝင်လာတာ Performance ပိုင်းတွက် Shader Execution Rendering ၊ Shadow Detail တွက် Displaced Micro-meshes နဲ့ Cleaner Ray Tracing တွက် Opacity Micro-maps နဲ့ CPU ၊ GPU Coordination တွက် ပါဝင်ဖူးတဲ့ Nvidia Reflux လုပ်ဆောင်ချက်တွေနဲ့ ပံ့ပိုးထားတာပါ။
အခုလို Architecture အသစ်ကြောင့် မျိုးဆက်သစ် Ada Lovelace GPU တွေ စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ ပြောရသလို အထူးသဖြင့် 4K@60fps အတားဆီးကို ပထမဆုံး ချိုးဖျက်နိုင်တဲ့ GPU အဖြစ် Consumer Market ထဲ ခြေဆန့်လာတာပါ။
𝗔𝗩𝟭
Nvidia GPU အသုံးပြုပြီး Streaming ၊ Editing လုပ်သူတွေအဖို့ 8th Generation AV1 တနည်း NVENC Encoder ကို 40-series ကတ်တွေမှာ အားဖြည့်ထားပါတယ်။
Nvidia အဆိုရ Live Streaming လွှင့်တဲ့အခါ 40% Efficiency ပိုကောင်းလာသလို သီအိုရီအရ ပြောရရင် Bandwidth 40% ပိုများလာတဲ့အတွက် Image Quality ပိုင်း ပိုကောင်းလာတယ်လို့ ဆိုချင်တာပါ။
HDR ထောက်ပံ့တဲ့အတွက် OBS Studio အသစ်မှာ Nvidia GPU တွက် Optimize လုပ်ထားပြီး Discord နဲ့အတူ Nvidia Video Codec SDK 12 ကို Developer တွေ စမ်းသပ် အသုံးပြုလို့ရအောင် အောက်တိုဘာလထဲ Development ပိုင်း စတင်မယ်လို့ သိရပါတယ်။
𝗡𝗘𝗪 𝗚𝗣𝗨
လက်ရှိအချိန်မှာ GeForce RTX 4090 24GB GDDR6X နဲ့ 4080 16GB GDDR6X နှစ်မျိုးသာ မိတ်ဆက်ထားပြီး 12GB VRAM ပါဝင်တဲ့ GeForce RTX 4080 ကို Withdrawal လုပ်ထားပါတယ်။
(Rebrand- RTX 4070 Ti ကို ဇန္နဝါရီလ ၂ ရက်နေ့မှာ $799 နဲ့ ကြေညာထားပါတယ်)
Nvidia အနေနဲ့ 4090 စွမ်းဆောင်ရည်ကို ယခင် 3090 Ti ထက် 3D Rendering ၊ AI နဲ့ Video Exports မှာ 2x (နှစ်ဆ) ပိုကောင်းတယ်လို့ ကြွေးကြော်ထားသလို 16GB 4080 ဟာ ၎င်းနဲ့ ပုံရိပ်တူ 3080 Ti ထက် 1.5x (တစ်ဆခွဲ) ပိုမြန်တယ်လို့ ဆိုထားပါတယ်။
𝗣𝗥𝗢𝗙𝗘𝗦𝗦𝗜𝗢𝗡𝗔𝗟 𝗥𝗧𝗫
Nvidia အနေနဲ့ Turing Architecture အသုံးပြုထားတဲ့ RTX A6000 Series ကို Ada Architecture နဲ့အစားထိုးဖို့ ပြင်ဆင်ထားပုံရပြီး စွမ်းဆောင်ရည်ပိုင်း နှစ်ဆ ပိုကောင်းလာမယ့် Professional GPU အသစ်ကို ဒီဇင်ဘာလထဲ မိတ်ဆက်လာနိုင်ခြေ ရှိပါတယ်။
ဒီ GPU တွေဟာ 300W ပါဝါသုံးစွဲမှု ရှိသလို GeForce RTX 4090 လို 4-slot Cooler အစား 2-slot Cooling ကိုသာ အသုံးပြုထားမယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။