သီချင်းထဲမှာ သူမရဲ့ဓာတ်ပုံတွေ ယူသုံးထားတဲ့အပေါ်ကိုလည်း သူမရဲ့သဘောထားကို ဆွေဇင်ထက်က ပြောပြလာပါတယ်။

အောက်တိုဘာလ၃ရက်နေ့ကထွက်ရှိလာတဲ့ အဆိုတော်ဂေဂေးရဲ့ "ခဏအတွက် သက်သက်ဆို" သီချင်းထွက်ရှိခဲ့ပြီး ‌အလှမယ်ဆွေဇင်ထက်က ချစ်သူဖြစ်ခဲ့ဖူးတဲ့ ဂေဂေးရဲ့ သီချင်းသစ်ကို နားမထောင်တဲ့အကြောင်း ကို အလှမယ်ဆွေဇင်ထက်က ပြောပြလာပါတယ်။ 

Photo- Swe Zin Htet FB

" သီချင်းကတော့ ထွက်ပြီပေါ့နော်။ သီချင်းထွက်ပြီးမှ သိလိုက်ရတာက ညီမရဲ့ ပုံတွေနဲ့ ရိုက်ထားတယ်ဆိုတာကို တစ်ဆင့်ပြန်ပြီးတော့ သိလိုက်ရတာပေါ့နော်။ သူ့တောင်ပြောလိုက်ပါသေးတယ်။ ဘယ်လိုဖြစ်လို့ပြန်ပြီးထည့်တာလဲပေ့ါနော်။ မကောင်းဘူးလေနော်။ အဲ့လိုမျိုးဆိုတော့ ၊ ဒါပေမယ့်ရိုက်ပြီးသွားပြီလည်းဖြစ်တယ်။ ထွက်မှ သိရတယ်ဆိုတော့ဘာမှ မပြောတော့ပါဘူး။ သီချင်းကိုတော့နားမထောင်ဘူး၊ Music Video ကိုလည်းမကြည့်ဘူး။ Promo လေးပဲ ကြည့်လိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မကြည့်ချင်လို့" ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။ 

Photo- Swe Zin Htet FB

သူတို့နှစ်ဦး လမ်းခွဲသွားရတဲ့ကိစ္စမှာ အလှမယ်ဆွေဇင်ထက်အနေနဲ့ သူ့ဘက်က စမှားခဲ့တာကြောင့် လို့လည်းဝန်ခံခဲ့ပါတယ်။

ပရိသတ်တွေအနေနဲ့စိတ်မကောင်းဖြစ်ကြတဲ့အပေါ်မှာလည်း " ပြတ်သွားတာကတော့ ညီမဘက်က စမှားတာပေါ့နော်။ မှားခဲ့တာမှားခဲ့တယ်ဆိုတော့လည်း မပြောချင်တော့ပါဘူး။ လက်ခုပ်ကတော့ နှစ်ဖက်တီးမှ မြည်တာပါ။ တစ်ဖက်တည်းတီးနေလို့လည်း မမြည်ဘူးလေနော်။ ကိုယ့်အတွက် အဆင်မပြေတဲ့အရာ တစ်ခုကိုတော့ အတင်းကြီး ရှေ့ဆက်နေရင် သူ့အတွက်လည်း ဒုက္ခမပေးချင်ဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရှေ့ဆက်ပြီးတော့ လှမ်းလျှောက်နေတာပါ" ဆိုပြီး ဖြေပေးခဲ့ပါတယ်။ 

Photo- Swe Zin Htet FB

လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးစလုံးရဲ့ ဘဝတွေက အဆင်ပြေနေပြီး တည်ငြိမ်နေကြတဲ့ အနေအထားဖြစ်နေတဲ့အတွက်ကြောင့် နှစ်ယောက်စလုံးကိုချစ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်းစိတ်မပူကြဖို့မေတ္တာရပ်ခံခဲ့ပါတယ်။ 

"ညီမလည်းအဆင်ပြေတယ်။ ဂေဂေးလည်းအဆင်ပြေနေတယ်။ နှစ်ယောက်စလုံးကတော့ အဆက်အသွယ်မရှိကြတော့ပါဘူး။ ပြတ်သွားခဲ့တဲ့အတွက်တော့ တကယ်ခံစားရပါတယ်။ တွဲခဲ့တဲ့နှစ်တွေကလည်း ကြာခဲ့ပြီဆိုတော့ သံယောဇဉ်တွေလည်း များခဲ့တယ်လေ။ ညီမက အရမ်းလည်း အချစ်ကြီးတယ်။ သံယောဇဉ်လည်း ကြီးတယ်။ အဲ့ဒါကြောင့်မို့လို့ ခံစားရတာပေါ့နော်။ ဘယ်လိုဖြေသိမ့်ခဲ့ရလဲဆိုတော့ တစ်ယောက်တည်း ကြိတ်ပြီးခံစားခဲ့ရတဲ့သူမို့လို့ သူများတွေကို လိုက်ပြောတတ်တဲ့သူလည်း မဟုတ်ဘူး။ လူတွေအရှေ့မှာလည်း မငိုတတ်ဘူးပေါ့နော်။ ငိုလည်းမငိုပြဘူး။ ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင်နေတယ်" လို့ သူမရဲ့ ခံစားချက်တွေအကြောင်းကိုဖွင့်ဟပြောပြခဲ့ပါတယ်။ 

Photo- Swe Zin Htet FB

အလှမယ်ဆွေဇင်ထက်နဲ့ အဆိုတော်ဂေဂေးတို့ကတော့ လိင်တူချစ်သူတွေအဖြစ် ပရိသတ်တွေကိုတရားဝင် အသိပေးပြီး တရားဝင်တွဲခဲ့ကြသူတွေပါ။ သူမတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း၅နှစ်အကြာမှာပဲ လမ်းခွဲပြတ်စဲခဲ့တာ ဖြစ်ပါတယ်။ 

ဆွေဇင်ထက်က Miss Universe Myanmar 2019 ဆုကို ရရှိထားတဲ့ အလှမယ် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းက အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဆွေဇင်ထက်ရဲ့ National Costume ကတော့ ကျွဲတစ်ကောင်ရဲ့ ပုံစံဝတ်ဆင်ထားတဲ့ ဝတ်ရုံကနေ ကောက်စိုက်သမလေး အသွင်ကို ကူးပြောင်းခဲ့တဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုရရှိခဲ့သူဖြစ်ပါတယ်။ အဆိုတော် ဂေဂေးကတော့ " မောင့် နောက်လိုက်ခဲ့မယ်" ဆိုတဲ့ သီချင်းနဲ့ အောင်မြင်လာခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က