သူတို့ရဲ့ ကစားသမားဟောင်းကို ဆက်တိုက်ဂုဏ်ပြုနေတာပါ။

စပို့တင်းလစ္စဘွန်းကတော့ သူတို့ရဲ့ ကစားသမားဟောင်း ရော်နယ်ဒိုကို နောက်ထပ်တကြိမ် ဂုဏ်ပြုမှုတွေ လုပ်ခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းကမှ ရော်နယ်ဒိုကို ရည်ရွယ်ပြီး အထူးဖန်တီးထုတ်လုပ်ခဲ့တဲ့ ဂျာစီကို ဝတ်ဆင်ကစားပြီး ဂုဏ်ပြုခဲ့တဲ့ စပို့တင်းဟာ သူတို့ရဲ့ အိမ်ကွင်းဝင်ရာ ဂိတ်တခုကို ရော်နယ်ဒို နာမည်ပေးခဲ့တာပါ။ 

ဂိတ်ဝင်ပေါက် ၇ ကို ခရစ္စတီယာနိုရော်နယ်ဒိုလို့ နာမည်ပေးပြီး ဂုဏ်ပြုလိုက်တာပါ။ စပို့တင်းအကယ်ဒမီက ထွက်ပေါ်လာခဲ့တဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီကလပ်ရဲ့ သမိုင်းတလျှောက်မှာတော့ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရပြီး အသင်းက သူ့အတွက် အမြဲတမ်းဂုဏ်ယူနေရအောင်လည်း လုပ်ပြနိုင်ခဲ့ပါတယ်။ 


စပိ
ု့တင်းအသင်းကြီးအတွက် ပွဲအနည်းငယ်ပဲ ကစားပေးခဲ့ရပေမယ့်လည်း ဒီကစားသမားအတွက် စပို့တင်းက ဂုဏ်ပြုဖို့ ဝန်မလေးနေခဲ့ပါဘူး။ တနေ့မှာ ရော်နယ်ဒိုက သူတို့အသင်းအတွက်​ပြန်ကစားပေးပြီး ကစားသမားဘ၀ကနေ အနားယူမယ်လို့လည်း ယုံကြည်ချက်အပြည့်ထားရှိနေတာပါ။ 

ရော်နယ်ဒိုကိုယ်တိုင်ရော၊ သူ့အမေကပါ စပို့တင်းမှာ ပြန်ကစားပေးပြီးမှ အနားယူဖို့အတွက် ဆန္ဒရှိနေခဲ့တာပါ။ လက်ရှိအချိန်ထိတော့ ရော်နယ်ဒိုက ပြည်တော်မဝင်သေးပေမယ့်လည်း လာမယ့် ၂ နှစ်အတွင်းမှာ သူ စပို့တင်းအတွက် ပြန်ကစားပေးဖို့က ဖြစ်နိုင်ချေ အများကြီးရှိနေတယ်လို့လည်း ယုံကြည်ရပါတယ်။ 

Share

Loading Next Article...
က္က