အဲဒီလူရဲ့ ပုံစံအတိုင်း သရုပ်ဆောင်ခဲ့တာပါတဲ့။

ပရိသတ်အကြိုက်နဲ့ ထပ်တူကျနေတဲ့ ဂျင်းကောင်ပုံစံအတိုင်း လူတစ်ယောက် အပြင်မှာရှိတယ်လို့ မြင့်မြတ်နဲ့ အရိုင်းတို့က ပြောပြလာပါတယ်။ မြင့်မြတ်ကိုယ်တိုင်က ဂျင်းကောင် ဇာတ်ရုပ်ပီပြင်အောင် အပြင်မှာရှိနေတဲ့လူရဲ့ ပုံစံကို လေ့လာပြီးမှ သရုပ်ဆောင်ထားတာပါတဲ့ ။

Photo: ဂျင်းကောင်



ဂျင်းကောင် ဇာတ်ကောင်အတိုင်း အပြင်မှာ တကယ်ရှိတဲ့ လူတစ်ယောက်အကြောင်းကို အရိုင်းက ပြောပြလာပါတယ်။ ဒီလူကတော့ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာနေတဲ့ ကိုဂျော့စိန်ဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့် ပြောခဲ့ပါတယ်။

‘’ဂျင်းကောင်ရဲ့ အော်ရဂျင်နယ်က ကျွန်တော့်သူငယ်ချင်။း ၃၆ လမ်း အထက်လမ်းမှာပဲနေတယ်။ သူ့နာမည်က ဂျော့စိန် တဲ့။ ဂျော့စိန် စကားပြောတဲ့ပုံစံက ဂျင်းကောင်အတိုင်းပဲ။ အဲဒါကို နောက်ရင်းပြောင်ရင်းနဲ့ ရှုတင်မှာပြောရင်းနဲ့ ရိုက်ဖြစ်တာပေါ့နော်။ အဲဒီမှာ သားတော်မောင် မြင့်မြတ်က ရိုက်တဲ့အခါမှာ ပြည်သူတွေသိကြတဲ့ ဂျင်းကောင်ဖြစ်သွားတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: ဂျင်းကောင်

ဦးဂျော့စိန်ရဲ့ ပုံစံအတိုင်း ဂျင်းကောင် ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မြင့်မြတ်ကိုလည်း အရိုင်းက ချီးကျူးစကားဆိုထားပါသေးတယ်။

‘’ဂျော့စိန်ရဲ့ ပုံစံလေးတွေကို မြင့်မြတ်ကိုပြောပြတယ်။ သူကလည်း အဲဒီလိုပုံစံကို လိုက်တုတာ အင်မတန်မြန်တယ်။ တစ်ကယ်လည်းတူတယ်။ တစ်ကယ်လည်း စတိုင်လ်ကျတယ်။ သူ့ရဲ့ ပုံစံလေး သီးခြားခွဲထွက်သွားပါသေးတယ်’’ လို့ ဆက်လက် ပြောပါတယ်။

Photo: ဂျင်းကောင်

ဂျင်းကောင် ဇာတ်ရုပ်ကို ဦးဂျော့စိန်ရဲ့ ပုံစံအတိုင်း ကြိုးကြိုးစားစား သရုပ်ဆောင်ခဲ့တဲ့ မြင့်မြတ်ကလည်း ‘’ဂျင်းကောင်’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲကို တက်ရောက်လာရင်း မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’တစ်ကယ်တမ်းကျရင် ကိုဂျော့စိန်နဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ ဦးအရိုင်းကတော့ သူစကားပြောတဲ့ပုံစံတွေ ပိုကြားဖူးတာပေါ့။ ကျွန်တော်ကတော့ ဦးအရိုင်းတို့ ပြောပြတဲ့ တစ်ခွန်းစ နှစ်ခွန်းစလောက်ပဲ ကြားဖူးသိဖူးပြီးတော့ လိုက်ပြောတာ’’ လို့ သူကဆိုပါတယ်။

Photo: ဂျင်းကောင်

ီဇာတ်ကားထဲမှာ မြင့်မြတ်၊ အရိုင်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းနဲ့ အိချောပိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျင်းကောင်ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို  Lavender ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာဖြစ်ပြီး ဒါရိုက်တာကိုပေါက် ရိုက်ကူးထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က