Limited Edition ဆက်တိုက် မိတ်ဆက်နေတဲ့ OnePlus ဖုန်းတွေကို Ace 2 ၊ Ace Pro နဲ့ 9R မော်ဒယ်တွေမှာ တွေ့ခဲ့ရပြီး အခု ပေါက်ကြားလာတဲ့ သတင်းက OnePlus 11 ရဲ့ Special Edition ပါ။
“Max Jambro” အမည်ရ Tipster အဆိုရ ဇွန်လထဲမှာ ကြေညာနိုင်ချေ ရှိပြီး အဆိုပါ Special Edition ဟာ ရေပန်းစားနေတဲ့ Mobile Game တဖြစ်လည်း Open World RPG ကိုမှ ချစ်စဖွယ် Anime Character တွေနဲ့ ကစားရတဲ့ Genshin Impact ဖြစ်တယ်လို့ ပြောထားပါတယ်။
ဒီဇိုင်းပိုင်း ပေါက်ကြားထားခြင်း မရှိသေးတဲ့ Special Edition အဖို့ ခန့်မှန်းထားတာက ဂိမ်း Character နဲ့ လိုက်တဲ့ ဒီဇိုင်းယူထားမယ် ၊ Package ပိုင်းကအစ Limited Edition Set တွေဖြစ်တဲ့ ကတ်တွေ ၊ Theme ဒီဇိုင်းတွေ မြင်ရနိုင်ချေရှိပြီး UI ပိုင်းမှာ ရွေးချယ်လိုက်တဲ့ Character အလိုက် ပြောင်းလဲမှု ရှိမယ်ဆိုတဲ့ အချက်တွေပါ။
ဒါကြောင့် Raiden Shogun ၊ Ayaka ၊ Ganyu ၊ Yae Miko နဲ့ Kazuha လို ရေပန်းအစားဆုံး 5-stars Character Edition ကို ရွေးနိုင်ရင် သေချာပါတယ် Genshin ဖန်တွေ ပိုးထိုးသလို ခံစားရမှာပါ။ OnePlus Ace 2 တုန်းကလည်း Genshin နဲ့ Collaborate လုပ်ထားတဲ့ Limited Edition ပုံစံမျိုး ချိုးထားမယ်လို့လည်း သုံးသပ်မိပါတယ်။
Hardware ပိုင်းမှာတော့ ပြောင်းလဲမှုမရှိ Snapdragon 8 Gen 2 ၊ 16GB LPDDR5X RAM ၊ 256GB Storage ၊ 1-120Hz အတွင်း Operate လုပ်နိုင်တဲ့ 6.67” QHD” AMOLED Display ၊ Triple Camera နဲ့ 100W SuperVOOC Fast Charging ထောက်ပံ့ထားတဲ့ 5,000 mAh Battery နဲ့ မြင်ရမှာပါ။
ရောင်းချသွားမယ့် စျေးနှုန်း မသိရသေးသလို Special Edition အနေနဲ့ မြင်ရမယ့် OnePlus 11 “Genshin” Edition ထွက်ရင် ဝယ်မယ့်သူတွေ ရှိလား?
Source: Gizmochina