ဂီရော့ဒ်ကို အသင်းမှာ ဆက်ရှိနေစေချင်ပြီး ဇန်နဝါရီမှာတော့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ လမ်းပတ်က ပြောခဲ့တာပါ။
ပွဲမကစားရလို့ မပျော်မရွှင်ဖြစ်နေတဲ့ ဂီရော့ဒ်ကို လာမယ့် ဇန်နဝါရီမှာ အနာဂတ်အတွက် ဆွေးနွေးညှိုနှိုင်းမှုတွေ ပြုလုပ်ပေးသွားမယ်လို့ နည်းပြ လမ်းပတ်က ပြောခဲ့တဲ့အကြောင်း Sportskeeda သတင်းဌာနကဖော်ပြလာပါတယ်။
လမ်းပတ်နည်းပြဖြစ်လာတဲ့နောက် တိုက်စစ်မှာ အေဘရာဟင်ကို ပိုမို အသုံးပြုနေခဲ့ပြီး ပရီးမီးယားလိဂ် ၂ ပွဲသာ လူစားဝင်အဖြစ် ကစားခွင့်ရထားပါတယ်။
“ကစားသမားတိုင်းကို လေးစားမှုအပြည့်ရှိပြီး အိုလီဗီယာနဲ့လည်း ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေ ရှိပါတယ်။ ဒါပေမယ့် ကစားသမားတွေအနေနဲ့ ၃၀အောာက်ဖြစ်နေမယ်ဆိုရင် ပိုကောင်းတာပေါ့။” လို့ လမ်းပတ်က ပြော ပါတယ်။
လမ်းပတ်က ဂီရော့ဒ်အနေနဲ့ သူ့ကိုယ်သူ အေဘရာဟင်ရဲ့နောက်အရန်ခုံမှာ ထိုင်မနေသင့်ဘူးလို့ တွေးပြီး မပျော်မရွှင်ဖြစ်နေတာပါလို့ ပြောခဲ့ပါသေးတယ်။
“ ကျွန်တော်သူနဲ့ ဇန်နဝါရီမှာဆွေးနွေးဖို့ ရှိပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် ဒီမှာပဲ ဆက်ရှိစေချင်ပါတယ်။ သူက တကယ်အရည်အချင်းရှိတဲ့ တိုက်စစ်မှူးပါ။” လို့ လမ်းပတ်က ဆက်လက်ပြောပါတယ်။
လက်ရှိ ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟင်က ၈ ဂိုးအထိသွင်းယူထားပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။