သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ရှိနေခဲ့တာပါ။

ပရီးမီးယားလိဂ်ဝါရင့်တိုက်စစ်မှူးဖြစ်သူ ဂီရော့ဒ်ကို ခေါ်ယူဖို့ အင်တာမီလန်အနေနဲ့အကြိမ်ကြိမ်ကြိုးပမ်းခဲ့တာပါ။

စီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ဝါရင့်တိုက်စစ်မှူးဂီ ရော့ဒ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အဆင်မပြေမှုများကြောင့် လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ခေါ် ယူနိုင်တော့မှာမဟုတ်ဘူးလို့ football italia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဂီရော့ဒ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က ချဲလ်ဆီးနည်းပြဟောင်းကွန်တီတာဝန်ယူကိုင်တွယ်နေတဲ့ အင်တာမီလန်အသင်းဆီပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပုံမှန်ခြေစွမ်းပြနိုင်ခဲ့တဲ့အ ပြင် ပွဲထွက်ကစားခွင့်ပါရရှိနေတဲ့အတွက် အသင်းပြောင်းမယ့်အစီအစဉ်ကို ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။



“ ဂီရော့ဒ်ကိုခေါ်ယူဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ အဓိကအချက်ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ကလည်းဂီရော့ဒ် ရဲ့နေရာမှာအစားထိုးနိုင်မယ့် ကစားသမားရှာမတွေ့သေးတဲ့အတွက်ပါ။ အသင်းအနေနဲ့ကတော့ အခြားကစား သမားတစ်ဦးကို ရှာဖွေရတော့မှာပါ ” လို့ အင်တာမီလန်အသင်းရဲ့ပြောခွင့်ရပုဂ္ဂိုလ်လူကာအန်တိုနီနီက Calciometcato.com ကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ 

သတင်းဖော်ပြမှုတွေအရ အင်တာမီလန်အသင်းအနေနဲ့ ဂီရော့ဒ်ကို ခေါ်ယူနိုုင်ဖို့အသင့်ရှိနေခဲ့ပေမယ့် ချဲလ်ဆီး အသင်းကလည်း ထွက်ခွာခွင့်မပြုဖို့ရှိနေသလို ကာယကံရှင်ဖြစ်သူကိုယ်တိုင်ကလည်း ပြင်သစ်လက်ရွေးစင်အ သင်းမှာဆက်ပြီးပါဝင်ခွင့်ရရှိရေးအတွက် ပရီးမီးယားလိဂ်မှာပဲ ဆက်ပြီးကစားလိုနေခဲ့လို့ အခုလိုအဆင်မပြေမှု တွေဖြစ်လာခဲ့တာလို့ သိရပါတယ်။

ရာသီအစတွင် လူငယ်တိုက်စစ်မှူးအေဘရာဟမ်ရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်ခွင့်ရခဲ့တဲ့ဂီရော့ ဒ်အနေနဲ့ ဒုတိယအကျော့ပွဲစဉ်တွေအရောက်မှာတော့ ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ အခွင့်အရေးပေးမှုတွေနဲ့အ တူ ပုံမှန်ခြေစွမ်းပြရနေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က