လာမယ့်နွေရာသီမှာ ခေါ်ယူသွားမှာပါ။

ဆိုးလ်ရှားအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပေမယ့် လာမယ့်ရာသီမှာ ကစားသမားသစ်ထပ်ခေါ်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ဂျက်ဂရီလစ်ရှ် နဲ့ ဂျိမ်းစ်မက်ဒီဆန်တို့ကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးအတွက် ပေါင်သန်း ၁၆ဝအထိ အသုံးပြုသွားဖို့လည်း ရည်ရွယ်ထားတယ်လို့ The Sun ဖော်ပြသွားခဲ့ပါတယ်။ 

အသင်းတိုက်စစ်ပိုင်းအတွက် အထောက်အကူဖြစ်စေဖို့ ဆိုးလ်ရှားက ရည်ရွယ်နေတာဖြစ်ပြီး ဒီရာသီမှာ အဆင့် ၄နေရာနဲ့ ခြောက်မှတ်ကွာဟနေခဲ့မှုက တိုက်စစ်ပိုင်းမှာ အခက်အခဲရှိနေခဲ့တာကြောင့်လို့ သူက ယူဆနေပါတယ်။ ပေါ့ဂ်ဘာကလည်း လာမယ့်ရာသီမှာ အသင်းကထွက်ခွာနိုင်တဲ့အခြေအနေတွေရှိနေလို့လည်း ဆိုးလ်ရှားက ဂရီလစ်ရှ် နဲ့ မက်ဒီဆန်တို့နှစ်ဦးစလုံးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ 

အသက် ၂၄ နှစ်အရွယ် ဂရီလစ်ရှ်ကတော့ ဒီရာသီမှ ဗီလာရဲ့ အရေးအပါဆုံးကစားသမားအဖြစ် ရှိနေခဲ့ပြိး သွင်းဂိုး ၉ ဂိုးနဲ့ ဖန်တီးမှု ၇ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဗီလာကို အသက် ၆ နှစ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး ငယ်မွေးခြံပေါက်ကစားသမားစစ်စစ်ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာသာ ဆက်လက်ကစားချင်နေသလို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့လည်း မျှော်လင့်နေသူဖြစ်ပါတယ်။ 

မက်ဒီဆန်ကတော့ လက်စတာကို နော်ဝှစ်ချ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ခြေစွမ်းပြနေခဲ့သူဖြစ်ပါတယ်။ အသက်၂၃နှစ်အရွယ်ကစားသမားကလည်း ဒီရာသီမှာ ၉ ဂိုးသွင်းကာ ၃ကြိမ်ဖန်တီးပေးထားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရရှိနေသူဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပေမယ့် လာမယ့်ရာသီမှာ ကစားသမားသစ်ထပ်ခေါ်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

Share

က္က