ချန်ပီယံတွေနဲ့ ဆော့တာပဲ။

စိုးမြတ်သူဇာ ကတော့ ဖေ့စ်ဘွတ်အသုံးပြုတာထက် Game ဆော့နေရရင် အရမ်းကို ကျေနပ်နေသူပါတဲ့။ သူမက အခုဆိုရင် Mobile Legends Game ကို စွဲစွဲမြဲမြဲဆော့နေတာကို တွေ့ရပါတယ်။

Photo: Soe Myat Thu Zar



စိုးမြတ်သူဇာက သူနဲ့အတူ Mobile Legends Game ထဲက Heroတွေရဲ့ဓာတ်ပုံတွေနဲ့ တွဲထားတဲ့Troll ပုံတွေကို သဘောကျမိတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ဒီဂိမ်းကို ဆော့ရတာ အရမ်းပျော်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မကြီးကလည်း ဟုတ်နေတာကိုး။ ကိုယ့်ကို စောင်းပြောနေသလားတောင် ထင်ရတယ်။ မကြီးလည်းဆော့တာ ဘယ်လို ဆော့ဆော့ Legends ကို မရောက်ဘူး။ သေအောင်ဆော့လည်း မရောက်ဘူး။ စာတောင် တင်ထားသေးတယ် ငါ Legends ရောက်ချင်လိုက်တာပေါ့။ ပြောတဲ့နေ့ကစပြီး အောက်ကို တစ်ဖုန်းဖုန်းနဲ့ ပြုတ်ကျလိုက်တာ ဒီနေ့ အထိတိုင်ပဲ။ ကလေးတွေကလည်း သိမှာပေါ့နော်’’ ဆိုပြီးတော့ Free Plus ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Soe Myat Thuzar

ဖေ့စ်ဘွတ်သုံးတာထက် ဂိမ်းကစားရတာကို ပိုပြီးတော့ အားသာတယ်လို့ စိုးမြတ်သူဇာက ဆက်လက် ပြောပြခဲ့ပြန်ပါသေးတယ်။

‘’မကြီးတောင်ပြောနေပါသေးတယ်။ ၁၀ တန်းကျောင်းသားလေးတွေလေ ကျောင်းသားလေးတွေဆိုတော့ စာသင်ရမယ့်အရွယ်မှာ စာသင်တာအကောင်းဆုံးပဲ။ မကြီးတို့ အရွယ်ကျတော့ ဂိမ်းဆော့ရမယ့် အရွယ်ဖြစ်သွားပြီလို့။ သူ့အရွယ်နဲ့ သူပေါ့။ မကြီးက ဖေ့စ်ဘွတ်တွေဘာတွေကိုလည်း သုံးတယ်ဆိုတာ သတင်းပဲဖတ်တာ၊ ဒါပေမယ့် ဂိမ်းကစားရတာ စိတ်ချမ်းသာတယ်။ ပြီးတော့ Mobile Legends ထဲက Hero တွေ အကုန်လုံးကို ချစ်တယ်’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါသေးတယ်။

Photo: Forever

Mobile Legends ဆော့တာ Professional တောင် မဖြစ်သေးပါဘူးလို့ စိုးမြတ်သူဇာကပြောပါတယ်။ နောက်ဆုံး အဆင့်ကို ရောက်ဖို့ မနည်းကြိုးစားနေရတာပါတဲ့။

‘’ Pro မဖြစ်သေးဘူး။ အခုမှ Epic ပဲရှိသေးတယ်။ Epic ကိုမှ 4 အဲဒီ 4 ကနေ အောက်ပြုတ်မကျအောင် မနည်း ကုတ်ကပ်ထားရတယ်။ ချန်ပီယံတွေနဲ့ အတူတူဆော့တာပဲ။ ကိုယ်က အရမ်းညံ့တော့ ဆရာကြီးတွေနဲ့ပေါင်းပြီးဆော့တာပဲ။ ဒါပေမယ့် အဲဒီ ချန်ပီယံတွေကလည်း ကိုယ်နဲ့ ပေါင်းပြီးတော့ ရှုံးတာ သောက်သောက်လဲပဲ။ သူတို့နဲ့ ကိုယ်နဲ့ပေါင်းမှ ကြယ်တွေ ကြွေတာ ကြွေတာ’’ ဆိုပြီးတော့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Mobile Legends

Mobile Legends Game ကို လူကြီး၊ လူငယ်မရွေး ဆော့ကြတာများပါတယ်။ ဒီအထဲမှာမှ စိုးမြတ်သူဇာကလည်း တစ်ယောက် အပါအဝင်ပါ။ စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က