Xbox စက်သစ်လည်း နောက်လထဲ ထွက်လာမှာပါ

Microsoft ရဲ့ Xbox team ဟာ Bethesda ဂိမ်းစတူဒီယိုရဲ့ မိခင်ကုမ္ပဏီ ZeniMax Media ကို ဝယ်လိုက်ပြီ ဖြစ်ပါတယ်။

ZeniMax Media ကို ငွေသား ဒေါ်လာ ၇.၅ ဘီလျံပေးပြီး ဝယ်ယူလိုက်တာ ဖြစ်တယ်လို့ Microsoft ရဲ့ ကြေညာချက်ကို ကိုးကားပြီး CNET သတင်းက ဆိုပါတယ်။ ZeniMax Media ဟာ ဂိမ်းလောကမှာ ထိပ်တန်းရောက် ဂိမ်း developer တွေ ဖြစ်တဲ့ Bethesda Softworks နဲ့ Id Software တို့ အပါအဝင် Game Developer လုပ်ငန်းအများအပြားကို ပိုင်ဆိုင်ထားပါတယ်။



Photo: essentiallysports

ဒီထဲက Bethesda Softworks ဟာ Fallout ၊ The Elder Scrolls ၊ Doom တို့လို ဂိမ်းတွေ ရေးဆွဲထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ZeniMax ဟာ မေရီလန်းပြည်နယ် ရော့ခ်ဗီးလ်မှာ အခြေစိုက်ပြီး ကမ္ဘာတစ်လွှားမှာ တစ်ခြားစတူဒီယိုတွေလည်း ပိုင်ဆိုင်ပါတယ်။ 

Microsoft ရဲ့ ထုတ်ပြန်ချက်အရ ZeniMax ဟာ ကမ္ဘာအရပ်ရပ်မှာ ဝန်ထမ်းပေါင်း ၂၃၀၀ ရှိပြီး ပုဂ္ဂလိကပိုင် အကြီးဆုံးဂိမ်းကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ The Elder Scrolls စီးရီးဟာ အချပ်ရေသန်း ၂၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံးဂိမ်းစာရင်း ဝင်ထားပါတယ်။

"Bethesda ကို ဝယ်ယူမှုနဲ့အတူ ကျွန်တော်တို့ရဲ့ Gaming Content ထုတ်လုပ်စွမ်းအားကို နှစ်ဆ မြှင့်တင်သွားမှာပါ။" လို့ Microsoft ရဲ့ အမှုဆောင်အရာရှိချုပ် ဆတ္တယာ နာဒဲလ်ာက အင်တာဗျူးမှာ ပြောပါတယ်။

Photo: Bloomberg

Microsoft ဟာ Game creators သစ်တွေကို အကြီးအကျယ်ပုံအောပြီး ဝယ်ယူမှု လုပ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Minecraft ကို ဒေါ်လာ ၂.၅ ဘီလျံ သုံးစွဲပြီး ဝယ်ယူခဲ့သလို ၂၀၁၈ မှာ ဂိမ်းစတူဒီယို ၆ ခုနဲ့ ပြီးခဲ့တဲ့နှစ်ထဲမှာ ၁ ခု ဝယ်ယူခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အပတ်ထဲမှာ TikTok ကို ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပယ်ချခံရပြီးနောက် Microsoft ဟာ ZeniMax ကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ Microsoft ဟာ လာမယ့် နိုဝင်ဘာလထဲမှာ မျိုးဆက်သစ် Xbox consoles စက်တွေ ဖြန့်ချိသွားတော့ဖို့လည်း စီစဉ်နေပါတယ်။ 

Share

Loading Next Article...
က္က