ဂျိမ်းစ်ကို အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ဝုလ်ဗ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပြီး အဲဗာတန်က လက်ဦးမှုရယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို လေးနှစ်စာချုပ်နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ နည်းပြဇီဒန်းရဲ့ အသင်းမှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက် နေရာမရှိတော့တဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အဲဗာတန်နည်းပြအန်ဆယ်လော့တီက သူ့တပည့်ဟောင်းကို ခေါ်ယူဖို့ ကြိုးစားလာတာလည်းဖြစ်ပါတယ်။
ရီးရဲလ်အနေနဲ့ ဂျိမ်းစ်ဒရီဂွက်ဇ်အတွက် ပြောင်းရွှေ့ကြေးပေါင် ၃၄သန်းရမယ်ဆိုရင် လာမယ့်နွေရာသီမှာ ရောင်းချသွားဖို့ပြင်ဆင်ထားပြီးသားလို့ သိရပါတယ်။ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Mundo Deportivo ကလည်း ဂျိမ်းစ်ကို အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ဝုလ်ဗ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပြီး အဲဗာတန်က လက်ဦးမှုရယူဖို့ အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
အန်ဆယ်လော့တီဟာ အသက် ၂၈နှစ်အရွယ် ကိုလံဘီယာလက်ရွေးစင်ကစားသမားနဲ့ ရိးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့မှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး တတိယအကြိမ်မြောက် ထပ်မံပူးပေါင်းဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ နာပိုလီနည်းပြဘဝမှာလည်း ဂျိမ်းစ်ကို ခေါ်ယူဖို့ အန်ဆယ်လော့တီက ကြိုးပမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေးညှိနှိုင်းမရတာကြောင့် မအောင်မြင်ခဲ့ပါဘူး။
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုယ်တိုင်ကလည်း လာမယ့်နှစ်မှာကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိဖို့အတွက် ပုံမှန်ကစားခွင့်ရရှိမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ အဲဗာတန်ကတော့ အန်ဆယ်လော့တီလက်အောက်မှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာဖို့ မျှော်လင့်နေပြီး ကစားသမားကောင်းတွေကို ခေါ်ယူဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။