ကိုယ်ပိုင် သီချင်းတွေလည်း လုပ်နေတယ်။

ပိုးကြာဖြူခင်ကတော့ သူ့ရဲ့ အနုပညာခြေလှမ်း နောက်တစ်ခုအနေနဲ့ ဂီတအလုပ်တွေလည်း ဆက်လုပ်သွားဦးမယ်လို့ သိရပါတယ်။ အနုပညာလှုပ်ရှားမှု အသစ်တွေလည်း မြင်တွေ့ရဦးမယ်တဲ့။

Photo: Poe Kyar Phyu Khin



သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ သူ့ရဲ့ အနုပညာအလုပ်တွေကို သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်ကိုပါ ခြေလှမ်းစတင်ဖို့ ပြင်ဆင်နေပြီလို့ဆိုပါတယ်။ သီချင်းတွေ ဆိုနေပြီလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

“ ညီမရဲ့ အနုပညာလှုပ်ရှားမှုကတော့ ဇာတ်လမ်းတွဲသာမကပဲ သီချင်းဘက်ကိုပါလုပ်နေပြီဖြစ်လို့ ကိုယ်ပိုင်သီချင်းတွေ အများကြီး ဆက်ပြီးတော့ လုပ်သွားဖို့ရှိတယ်။ ၂၀၂၀ ထဲမှာဆိုရင် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ဖို့ လက်ခံထားတာတွေရှိတယ်။ ဒီ့ထက်မက ပိုပြီးတော့ ကြိုးစားသွားပါမယ်” လို့ သူကဆိုပါတယ်။

Photo: Poe Kyar Phyu Khin

သူမဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေ့မှာလည်း အလိုချင်ဆုံး ဆုကို တောင်းခဲ့တယ်လို့ ဆိုပါတယ်။

“ သူများတွေကလည်း မေးကြတယ်၊ ကိုယ့်ရဲ့ မွေးနေ့မှာ အလိုချင်ဆုံး တောင်းတဲ့ ဆုက ဘာဖြစ်မလဲပေါ့နော်။ ညီမ တောင်းတဲ့ဆုက ပရိသတ်တွေဆီကနေ တစ်နှစ်ထက် တစ်နှစ် ပိုပြီးတော့ ချစ်လာတာ။ အချစ်ခံရတာကိုပဲ ညီမက လိုချင်တာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ညက သူမရဲ့ မွေးနေ့ ပါတီမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

ပိုးကြာဖြူခင်ကိုတော့ ဝင်္ကပါစံအိမ် ၊ မယ်မယ်ထိပ်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က