ခင်ပွန်းဖြစ်သူရဲ့ ဂီတဝါသနာကိုလည်း ပြောပြလာပါတယ်။

နေနေ ကတော့ ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်နဲ့ ဖူးစာဆုံခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်။ 

Photo: Nay Nay



အဆိုတော် နေနေကတော့ သူမကိုယ်တိုင် ဂီတကို ဝါသနာပါသလို ခင်ပွန်းဖြစ်သူကလည်း ဂီတအပေါ် ရူးသွပ်သူ တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဖြစ်ခဲ့ကြတာကလည်း ဂီတကြောင့်ပဲလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ သူ အခု အနုပညာလောကထဲကို မဝင်ခင် အစ်မရဲ့ ဂီတအလုပ်တွေကို ထောက်ပံ့ပေးနေတဲ့ အချိန်တုန်းကလည်း အစ်မရဲ့ အခွေတွေမှာ သူနဲ့ အတွဲဆိုတဲ့ သီချင်းလေးတွေ ပါတယ်။ ပြီးတော့ သူ့ရဲ့ သီချင်းတွေ အများကြီးကိုလည်း အစ်မ အများကြီး နားထောင်ဖူးပါတယ်။ အစ်မတို့ ဇနီးမောင်နှံက ဂီတ နဲ့ပဲ ဖူးစာဆုံကြတယ်။ ဂီတကြောင့် အစ်မတို့ နှစ်ယောက် ဘဝ စတင်တည်ဆောက်ဖြစ်တာ ဆိုတော့ နှစ်ယောက် တွဲပြီး တဖြည်းဖြည်းနဲ့ ဂီတ အလုပ်တွေ လုပ်သွားဦးမှာပါ။ သူ့မှာလည်း ဘယ်လို စိတ်ကူးလေးတွေ ရှိမလဲ နားထောင်ရဦးမှာပေါ့” လို့ သူက ဆိုပါတယ်။ 

Photo: Nay Nay

အခုဆိုရင်တော့ အဆိုတော် နေနေရဲ့ ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်ဟာ The Voice Myanmar (Season-3) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ခင်ပွန်းဖြစ်သူကို ပရိသတ်တွေ အားပေးလာကြတဲ့ အပေါ် သူ့ရဲ့ ပီတိစကားကို အခုလို ပြောပြလာပါတယ်။ 

“ အစ်မ ကိုယ်တိုင်လည်း သူ့ရဲ့ အသံကို ကြွေခဲ့ရတာပါ။ အခုဆို သူပြိုင်ပွဲဝင်တော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေက အကောင့်တွေ လာအပ်ကြတယ်။ Social Media အရှိန်အဝါကလည်း အရမ်းမြန်တော့ ခဏလေးနဲ့ သူ ပရိသတ်တွေ ရလာတယ်။ ခင်ပွန်းဖြစ်သူရဲ့ အောင်မြင်မှုဟာ မိသားစုအတွက် အရမ်း အထောက်အပံ့ တစ်ခုဖြစ်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nay Nay

အဆိုတော် နေနေဟာ ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ အဆိုတော်တစ်ဦး ပါ။ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားသူဖြစ်သလို သူမရဲ့ သီချင်းတိုင်းကလည်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ခဲ့တာကြောင့် အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ နေနေက ခင်ပွန်းဖြစ်သူ ကိုလင်းမြိုင်နဲ့ အတူ ရင်သွေးလေး နှစ်ယောက် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က