ပထမဆုံး ဖျော်ဖြေပွဲလည်းဖြစ်သလို မန္တလေးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပိုပိုကတော့ ဂီတခရီးလမ်း ၁၀ စုနှစ်အကြာမှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

Photo: Po Po



အဆိုတော် ပိုပိုကတော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အားပေးမယ့် ပရိသတ်တွေကိုလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖိတ်ကြားခဲ့ပါသေးတယ်။

 “ပိုပို့ရဲ့ One Lady Show ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ Yadanarbon Event Park မှာ လုပ်ပါမယ်။ မန္တလေးကရော၊ တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေ လာရောက် အားပေးလို့ရပါတယ်။ ပိုပို့ရဲ့ ပွဲကို လာအားပေးဖို့လည်း ပြောချင်ပါတယ်။ အားလုံးကိုလည်း ချစ်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Po Po

“ချစ်ဖူးခဲ့သမျှ” သီချင်းလေးနဲ့ ပရိသတ်ရင်ထဲက အချစ်တွေကို နေရာအပြည့်ယူခဲ့နိုင်တဲ့ အဆိုတော် ပိုပိုရဲ့ ဂီတခရီးလမ်းကတော့ အခုချိန်မှာ ဆယ်စုနှစ် တစ်ခု ကြာခဲ့ပြီလို့ သိရပါတယ်။

“ပို က အခုဆိုရင် ဂီတလောကထဲမှာ ဆယ်စုနှစ်တစ်ခုအကြာ ရပ်တည်ခဲ့ပြီးတဲ့အချိန်မှာ တေးအယ်လ်များနဲ့ ကိုယ်ပိုင်တေးသီချင်းပေါင်များစွာကို ပိုင်ဆိုင်ထားခဲ့ပါပြီ။ ပို ကိုယ်တိုင်ရေးဖွဲ့ပြီး သီဆိုထားတဲ့ တေးသီချင်းတွေကိုလည်း ပို ချစ်တဲ့ ၊ ပို့ ကိုချစ်တဲ့ ပရိသတ်အများရဲ့ ရင်ဘတ်နဲ့ ထပ်တူကျခဲ့မယ်လို့လည်း ယုံကြည်ထားခဲ့တယ်။ အခုဆိုရင် အဆိုတော်တိုင်းမှာ ကိုယ်စီရှိကြပြီး ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show ကို ကျင်းပဖို့အတွက် စိတ်အားထက်သန်နေပါပြီ။ ပိုက ချစ်တဲ့ ၊ ပို့ကို ချစ်တဲ့ ပရိသတ်တွေ ကလည်း ချစ်ဖူးခဲ့သမျှ အဆိုတော်တွေထဲမှာ ပိုပိုဆိုတဲ့ အဆိုတော်မလေးတစ်ယောက် ပါနေခဲ့မယ်ဆိုရင် One Lady Showကို အားပေးဖို့ အသင့်ဖြစ်နေပြီလားဆိုတာကို ဝန်းရံပေးကြပါဦး” ဆိုပြီးတော့လည်း ဒီဇင်ဘာလ ၂ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Po Po

ပိုပိုက လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ပိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ မကြာခင်ရုံတင်ပြသတော့မယ့် တိမ်တွေပေါ်က ပန်း ရုပ်ရှင်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က