စိုင်းစိုင်းခမ်းလှိုင်ကတော့ ဂျေမောင်မောင်ရဲ့ သီချင်းအခွေအသစ်လေးကို အားပေးရင်း ဂျေမောင်မောင်ကို အားကျတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
Photo: Amazing Grace
စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့အတွက် ဂီတလောကထဲက အားကျရတဲ့ စီနီယာ အဆိုတော်တွေထဲမှာ ဂျေမောင်မောင်လည်း တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျေမောင်မောင်ရဲ့ တေးစီးရီးအသစ်ဖြစ် တဲ့ “မယုံလို့လား” ဆိုတဲ့ အခွေကို အားပေးနေတဲ့အကြောင်း ပြောပြလာပါတယ်။
“အားကျရတဲ့သူတွေထဲက တစ်ယောက်၊ ဒီအရွယ်အထိ ဒီလို ဂေါ်တယ်ဆို တာ။ ဟော.. အခွေအသစ် တောင် ထပ်ထွက်လာပြန်ရော။ အနုပညာမှာ အိုဟောင်းတယ်ရယ်လို့ မရှိ..မယုံလို့လား ...” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Amazing Grace
ဂျေမောင်မောင်ကတော့ တစ်ခေတ်တစ်ခါက ဂီတလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ “အသည်းကွဲ မြို့တော်” သီချင်းနဲ့ ပရိသတ်တွေ စသိခဲ့တာပါ။ ဂီတမျိုးရိုးအနေနဲ့ သူ့ရဲ့ ညီလေးဖြစ်တဲ့ ဂျေညီညီ၊ ညီမလေးဖြစ်တဲ့ ဂျေညီမလေး တို့ကလည်း ဂီတလောကမှာ အောင်မြင်တဲ့ သူတွေပါပဲ။ ဂျေမောင်မောင်ရဲ့ သမီးဖြစ်သူ သီရိဂျေမောင်မောင်ကလည်း ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ J Five ဆိုပြီးတော့ တေးစီးရီးအခွေလည်း ထွက်ရှိခဲ့ဖူးပါတယ်။
Photo: Amazing Grace
စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။