ခါးလေးသိမ်ပြီးတင်ကားတဲ့ ဂစ်တာရှိတ်ဆိုတာ အမျိုးသမီးတစ်ယောက်အတွက် ဆွဲဆောင်မှုရှိပြီး ကြည့်လို့ကောင်းတဲ့ခန္ဓာကိုယ်အချိုးအစားဆိုတာထက်ပိုပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုယုံကြည်မှုတွေကိုလည်း ကိုယ်စားပြုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဂစ်တာရှိတ်လို့ ခေါ်ကြတဲ့ခန္ဓာကိုယ်အချိုးအစားမျိုးရဖို့လေ့ကျင့်ခန်းတွေလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြာအောင် ပင်ပင်ပန်းပန်းလေ့ကျင့်ပြီးတဲ့နောက်မှာတောင် ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ပုံစံမျိုးမရတာမျိုးနဲ့လည်း ကြံရနိုင်တာ ကြောင့် အဲဒီလိုလေ့ကျင့်တဲ့အချိန်မှာရှောင်ရမယ့်အချက်လေးတွေ သတိထားနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။


squat ထိုင်တဲ့အချိန်မှာ ပုံစံမမှားပါစေနဲ့

squat ထိုင်တာဟာ ခါးသိမ်ပြီး တင်ကားစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းဆိုတာအားလုံးအသိပါပဲ။ ဒါပေမဲ့ ဒီလေ့ကျင့်ခန်းကိုလုပ်တဲ့အချိန်မှာ ပုံစံမှားနေမယ်ဆိုရင် လိုချင်တဲ့ရလဒ်ကိုရမှာမဟုတ်ပါဘူး။ အများစုမှားလေ့ရှိတတ်တာက ဒူးကိုကွေးပြီး တင်ကိုနောက်ကိုပစ်ဖို့မေ့နေတတ်တာလို့ ကျွမ်းကျင်ပညာရှင် တွေက ပြောပါတယ်။ squat ထိုင်တဲ့အခါ ဒူးကိုပဲကွေးပြီး တင်ကိုနောက်ကိုပစ်ဖို့မေ့နေမယ်ဆိုရင် လိုချင်တဲ့ ရလဒ် ရလာမှာမဟုတ်ပါဘူး။ ထိုင်ခုံတစ်ခုပေါ်ကိုထိုင်ဖို့ပြင်တဲ့အချိန် တင်ကိုခုံပေါ်တင်ဖို့ပြင်တဲ့ပုံစံမျိုးရအောင် ကြိုးစားရမှာပါ။ ဒါကြောင့် squat ထိုင်တဲ့အခါ အနေအထားမှန်စေဖို့ ကိုယ့်ရဲ့ trainer ကိုသေချာမေးဖို့လိုပါတယ်။


နေရာမှားပြီး အာရုံစူးစိုက်မိခြင်း

Photo: T3

တင်ပါးတွေ စွံ့ကားလာအောင်လေ့ကျင့်တဲ့အခါ မှန်ကန်တဲ့ကြွက်သားတွေကို အာရုံစူးစိုက်ထားဖို့လိုပါတယ်။ တင်ပါးလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ တင်ပါးကြွက်သားတွေကိုပဲ စိတ်ကစူးစိုက်ပြီး အားစိုက်ထားရမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပေါင်နဲ့တခြားနေရာက ကြွက်သားတွေကို မှားပြီးအာရုံစိုက်မိနေမယ်ဆိုရင် လိုချင်တဲ့ ရလဒ်ရလာမှာမဟုတ်ပါဘူး။


squat ထိုင်နေရုံနဲ့မလုံလောက်ပါဘူး

Photo: AARP

squat ထိုင်တာဟာ အချိုးအစာကျနတဲ့ ခန္ဓာကိုယ်မျိုးရဖို့ အထောက်အကူပြုနိုင်တဲ့လေ့ကျင့်ခန်းဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီတစ်မျိုးတည်းနဲ့တော့ မလုံလောက်ပါဘူး။ တင်ပါးကြွက်သားတွေကို ထောင့်ပေါင်းစုံကနေ လေ့ကျင့်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ရဲ့ personal trainer နဲ့တိုင်ပင်ပြီး တခြား ထိရောက်မယ့်လေ့ကျင့်ခန်းတွေကိုလည်း လုပ်ဖို့လိုပါသေးတယ်။

 

အနားပေးဖို့မမေ့ပါနဲ့

Photo: crushpixel

လူတိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းကြတာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ဖို့ အရမ်းတက်ကြွတဲ့သူတွေလည်း ရှိပါတယ်။ ကိုယ်ရည်မှန်းထားတဲ့ ခန္ဓာကိုယ်အချိုးအစားမျိုး အမြန်ဆုံးရဖို့ တစ်ရက်မှမနားပဲ အပြင်းအထန်လေ့ ကျင့်တတ်တဲ့သူတွေပေါ့။ အဲဒီလို အနားမယူဘဲ ဆက်တိုက်ကြီးလေ့ကျင့်နေမယ်ဆိုရင်လည်း ကြွက်သားတွေက ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ရပ်တံ့နေတတ်ပါသေးတယ်။ ဒါကြောင့် ကြိုးကြိုးစားစားလေ့ကျင့်ဖို့ လိုအပ်သလို မှန်မှန်ကန်ကန်အနားယူတတ်ဖို့လည်း လိုပါတယ်။

Ref: shape.com

Share

က္က