ဂိုးတွေပြန်လည်မြင်တွေ့ရတော့မယ်လို့ ပြောခဲ့တာပါ။

လီဗာပူးနောက်ခံကစားသမား ဗန်ဒိုက်ဟာ အသင်းဖော် ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ဘက်ကနေ ထောက်ခံလိုက်ပြီး မကြာမီအချိန်အတွင်း သွင်းဂိုးတွေ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ဖလားရယူဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးအသင်းကို ကူညီနိုင်ဖို့အတွက် မကြာမီအချိန်အတွင်း ဂိုးတွေ ပြန်လည်သွင်းယူတော့မှာဖြစ်တယ်လို့ ဗန်ဒိုက်က ထောက်ခံအားပေးလိုက်တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်မီမှာ ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ၁ ပွဲလျော့နေတဲ့ မန်ချက်စတာစီးတီးကို ၂ မှတ် ဖြတ်ပြီး အမှတ်ပေးဇယားကို ယာယီဦးဆောင်ထားနိုင်ခဲ့ပါတယ်။

မိုဟာမက်ဆာလာရဲ့ ခြေစွမ်းဟာ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး ပြီးခဲ့တဲ့ ၂ လအတွင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ်အားလုံးမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်သလို ဖူလ်ဟမ်နဲ့ပွဲစဉ်မှာလည်း ၇ ပွဲကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ဆာလာဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်သူပါ။ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုကတော့ သွင်းဂိုး ၁၈ ဂိုးနဲ့ ပရီးမီးယားလိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

Share

က္က